Reno စီးရီးတွေ ဆန်းသစ်လာပါတယ်
Nyein Min Wai

Reno ရဲ့ တတိယမျိုးဆက်မော်ဒယ်တွေမှာ 5G ကွန်ရက် ချိတ်ဆက်မှု ပါလာပြီ ဖြစ်ပါတယ်။

OPPO Reno 3 နဲ့ 3 Pro 5G တို့ဟာ အကြီးစားဘက်ထရီပါဝါ ၊ လေးလုံးတွဲ ကင်မရာနဲ့ ပေါ့ပါး သေးသွယ်တဲ့ ဒီဇိုင်း သုံးထားတာပါ။ Reno 3 5G ဟာ ဈေးပိုသက်သာတဲ့ Reno 3 series ဖြစ်ပြီး Dimensity 1000L 5G chipset သုံးထားတာပါ။

5G ကွန်ရက်အနေနဲ့ SA/NSA dual mode 5G ကွန်ရက်ပံ့ပိုးထားပြီး မျက်နှာပြင် ၆.၄ လက်မ FHD+ waterdrop notch display နဲ့လာပါတယ်။ flat display ဒီဇိုင်းပဲ ဖြစ်ပြီး ကျောဘက်မှာ ထောင်လိုက် Quad cameras တွေ ဖြစ်တဲ့ 64MP primary ကင်မရာ ၊ 8MP wide-angle lens ၊ 2MP macro ကင်မရာနဲ့ 2MP monochrome sensor တွေ သုံးထားပါတယ်။


Photo: Engadget

tele ကင်မရာ မပါလို့ optical zoom ရမှာ မဟုတ်ပါဘူး။ ရှေ့ဘက်မှာ 32MP ဆယ်လ်ဖီကင်မရာ ပါရှိပါတယ်။ Reno 3 5G မှာ Gameboost 2.0 စနစ် ၊ မတူညီတဲ့ အန်တနာအမျိုးမျိုးမှာ ဒေတာသယ်ပို့မှုကို ချောချောမွေ့မွေ့ အလုပ်လုပ်စေနိုင်မယ့် ၃၆၀ ဒီဂရီ ပတ်လည် antenna design ၊ Dolby Atmos စပီကာ ၊ စမတ် 5G နဲ့ Bluetooth 5.0 ချိတ်ဆက်မှု ပါရှိပါတယ်။

Reno 3 5G ဟာ RAM 8GB/128GB storage နဲ့ RAM 12GB/128GB storage ဆိုပြီး ဗားရှင်း နှစ်မျိုးနဲ့ ထွက်ထားပြီး အနိမ့်မော်ဒယ်ကို ၃၃၉၉ ယွမ် (မြန်မာငွေ ၇သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။ RAM 12GB ဗားရှင်းကိုတော့ ၃၆၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်းခွဲ) ဈေးနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Pro မော်ဒယ်မှာတော့ display ဟာ highlight feature တစ်ခု ဖြစ်လာပါတယ်။ ဘေးဘောင်နှစ်ဘက်ကွေးချထားတဲ့ AMOLED display သုံး Reno 3 Pro 5G ဟာ Galaxy S10 မှာလိုမျိုး အပေါ် ဘယ်ဘက်ထောင့်မှာ punch hole ကင်မရာနဲ့ လာပါတယ်။

မျက်နှာပြင် ၆.၅ လက်မအရွယ် Reno 3 Pro 5G ဟာ 90Hz refresh rate သုံး display နဲ့ လာပြီး အတွင်းမှာတော့ အပူကို စစ်ထုတ်မှု မြင့်မားတဲ့ ဂရပ်ဖိုက်ပြားအုပ်ထားတဲ့ 3D အအေးပေးစနစ် သုံးထားပါတယ်။

မှန်ပြင်အောက်မှာ လက်ဗွေစနစ် ထည့်သွင်းထားပြီး ဒီ လက်ဗွေဟာ in-screen လက်ဗွေတွေ ဖတ်နိုင်တဲ့ ဧရိယာကို ၅ မီလီမီတာကနေ ၅၄ မီလီမီတာကို တိုးထားပါတယ်။ ကျောဘက်မှာ 48MP Sony sensor နဲ့အတူ 5x hybrid optical zoom ဆွဲနိုင်တဲ့ 13MP tele lens ၊ ၁၁၆ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultra-wide lens နဲ့ 2MP macro lens များ ထည့်သွင်းထားပါတယ်။


Photo: Engadget

OPPO Reno 3 နဲ့ Reno 3 Pro 5G တို့ဟာ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကို ရုပ်ငြိမ်ရိုက်ကူးနိုင်မယ့် Ultra Steady ကင်မရာစနစ်နဲ့ လာပါတယ်။ Renor 3 နဲ့ Reno 3 Pro 5G ဟာ VOOC 4.0 30 W fast charging အမြန်အားသွင်းနိုင်မယ့် 4025mAh ဘက်ထရီစနစ် ပံ့ပိုးထားပြီး မိနစ် ၂၀ အတွင်း အား ၅၀ % သွင်းနိုင်မှာပါ။

Reno 3 Pro 5G ဟာ Adreno 620 GPU သုံး Snapdragon 765G processor သုံးထားပါတယ်။ OS အနေနဲ့ Reno 3 နဲ့ Reno 3 Pro 5G တို့ဟာ Android 10 ကို အခြေခံထားတဲ့ Color OS 7 စနစ်သုံးထားပြီး 3.5mm headphone jack မပါတော့ပါဘူး။

ဈေးနှုန်းအနေနဲ့ Reno 3 Pro 5G (RAM 8GB/128GB storage) ဟာ ၃၉၉၉ ယွမ် (မြန်မာငွေ ၈သိန်း ခွဲခန့်) ၊ RAM 12GB/128GB storage ဟာ ၄၄၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲခန့်) ဈေး သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က