မြန်မာငွေ ၅ သိန်းကျော်ဈေးနဲ့ စတင် ရောင်းချသွားမှာပါ

ကျောဘက်က ထောင်လိုက်စတုဂံကင်မရာပုံအတွင်းက အင်္ဂလိပ်အက္ခရာ L ပုံစံ ကင်မရာဖွဲ့စည်းမှုနဲ့အတူ ထူးခြားတဲ့ Galaxy A-series စမတ်ဖုန်းမော်ဒယ် နှစ်မျိုး ထွက်လာပါတယ်။

Samsung ဟာ Galaxy A (2020) series အတွက် ပထမဆုံးအသုတ်အဖြစ် Galaxy A51 နဲ့ Galaxy A71 တို့ကို စတင်မိတ်ဆက်လိုက်တာ ပါ။ ဒီဖုန်းတွေရဲ့ ထူးခြားမှုကတော့ Infinity O လို့ ခေါ်တဲ့ ဖုန်း display အပေါ်ဆုံး အလယ်တည့် punch-hole cutout နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးဟာ ဒီဇိုင်းချင်း ဆင်ပြီး တစ်လုံးနဲ့ တစ်လုံး သိပ်အကွာကြီးတော့ မဟုတ်ပါဘူး။



Galaxy A51 (Photo: Android Authority)


Galaxy A50 ရဲ့ အဆက် Galaxy A51 ဟာ မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ Infinity O Super AMOLED display နဲ့ လာပြီး မှန်ပြင်အောက်လက်ဗွေနည်းပညာ သုံးထားပါတယ်။ punch hole ကင်မရာပေါက်ထဲမှာ 32MP ဆယ်လ်ဖီကင်မရာထည့်သွင်းထားပြီး ကျောဘက်မှာ diamond-cut စိန်ကွက်ဒီဇိုင်းပုံစံ မှန်ကိုယ်ထည် ပါရှိပါတယ်။

Exynos 9611 SoC ကို RAM 8GB အထိ သုံးလာခြင်းက mid-ranger တစ်လုံးအတွက် အတော်လေး လိုက်ဖက်တဲ့ အတွဲအစပ်လို့ ဆိုနိုင်ပါတယ်။ onboard storage 128GB ပါရှိပြီး Android 10 ကို အခြေခံထားတဲ့ OneUI 2.0 နဲ့ လာတာကလည်း update ဖြစ်ပါတယ်။ Galaxy A51 ဟာ 15W fast charging ပါတဲ့ 4000 mAh သုံးထားပြီး Prism Crush Black, Prism Crush White, Prism Crush Blue နဲ့ Prism Crush Pink ကာလာ ၄ ရောင် ထွက်ထားပါတယ်။


Photo: Android Headlines


ကျောဘက်စတုရန်းကွက်ထဲမှာ L ပုံစံနဲ့ 48MP ၊ 12MP ultrawide ၊ 5MP depth sensor နဲ့ 5MP macro units ဆိုပြီး ကင်မရာ ၄ လုံး သုံးသွားပါတယ်။ ကင်မရာ features တွေအနေနဲ့ Smart Switch ၊ Live Focus နဲ့ Suber Steady Video တွေ ပါဝင်ပါတယ်။ ဗီယက်နမ်ဒေါင် ၇၉၉၀၀၀၀ ( မြန်မာငွေ ၅ သိန်း ၂ သောင်းခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။

Galaxy A71 ကတော့ Snapdragon 730 SoC နဲ့ လာပြီး ကျောဘက်မှာ ကင်မရာ ၄ လုံးသုံးတာချင်း တူပေမယ့် main sensor က 64MP ဖြစ်လာပါတယ်။ screen size လည်း နည်းနည်း ပိုကြီးတဲ့ ၆.၇ လက်မဖြစ်ပြီး 25W fast charging ရတဲ့ 4500mAh ဘက်ထရီ သုံးပါတယ်။Galaxy A51 လိုပဲ ကာလာ ၄ ရောင်နဲ့ ထွက်ထားပေမယ့် ဈေးနှုန်း မသိရသေးပါဘူး။

Share

Loading Next Article...
က္က