Android 10 ၊ NFC နဲ့ စိတ်ဝင်စားစရာ တန်ဖိုးနည်းဖုန်း

တရုတ်စမတ်ဖုန်းကုမ္ပဏီ Cubot ဟာ NFC support ပေးထားပြီး RAM/storage အမြင့်နဲ့ တန်ဖိုးနည်းစမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။

Cubot P40 ဟာ မထင်လောက်အောင် သက်သာတဲ့ ဈေးနှုန်းနဲ့ ကြေညာခဲ့တာ ဖြစ်ပြီး လျှော့ဈေး ၈၉.၉၉ ဒေါ်လာနှုန်းထားနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Cubot P40 ဟာ မျက်နှာပြင် ၆.၂ လက်မ Waterdrop display နဲ့ လာပြီး HD+ resolution နဲ့အတူ Incell နည်းပညာကို အခြေခံထားတာ ဖြစ်ပါတယ်။ ပါးလွှာတဲ့ ဘေးဘောင်သားတွေကြောင့် Screen-to-body အချိုးဟာ ၉၀.၃% အချိုးအထိ ရှိမယ်လို့ ဆိုပါတယ်။




Photo: Gizmochina

processor ဟာ 12nm process ပေါ်မှာ အခြေခံထားတဲ့ quad-core MediaTek Helio A22 chipset ဖြစ်ပြီး သွက်လက်ချောမွေ့တဲ့ စွမ်းဆောင်မှုကို သုံးနိုင်မှာပါ။ Cubot P40 မှာ RAM 4GB/128GB storage သုံးထားတာကလည်း budget ဖုန်းတစ်လုံးအနေနဲ့ အားရဖို့ ကောင်းပါတယ်။ ကျောဘက်စတုဂံပုံစံ ကင်မရာကွက်ထဲမှာ Sony IMX486 12MP mainsensor ၊ microphotography ရိုက်ကူးမှုအတွက် 5MP Macro lens နဲ့ အတူ 2MP sensor နှစ်ခုတို့ ပါရှိပါတယ်။

Selfie ကင်မရာအတွက် waterdrop notch ထဲမှာ 20MP High-Res AI Selfie ကင်မရာ ပါရှိပါတယ်။ ဒီကင်မရာဟာ ကောင်းမွန်လှပတဲ့ ဓါတ်ပုံတွေ ထွက်စေမယ့် AI Beautify စနစ်လည်း ထည့်သွင်းထားပါတယ်။ Cubot P40 ရဲ့ နောက်ထပ် စိတ်ဝင်စားစရာ feature တစ်ခုက AI power management ပံ့ပိုးမှုပါ 4200 mAh ဖြုတ်/တပ်နိုင်ဘက်ထရီနဲ့ လာပါတယ်။


Photo: giztop

နောက်ဆုံးပေါ် stock နီးပါး Android 10 နဲ့ လာတာ ဖြစ်လို့ Dark Mode ၊ privacy control စတဲ့ features တွေလည်း သုံးနိုင်မှာပါ။ entry level ဖုန်းတစ်လုံးအနေနဲ့ စိတ်လှုပ်ရှားစရာတစ်ခုက NFC အခြေခံ ငွေပေးချေမှုစနစ် ပံ့ပိုးထားတာ ဖြစ်ပါတယ်။ 3.5mm headphone jack ၊ USB Type C port စတဲ့ ဆက်သွယ်မှုပိုင်းကို ပိုမို အဆင်ပြေစေမယ့် features တွေလည်း ပါဝင်ပါတယ်။

Cubot P40 ဟာ အနက် ၊ အစိမ်းနဲ့ အပြာ ကာလာ ၃ ရောင်နဲ့ လာပါတယ်။ ဇွန်လ ၇ ရက်နေ့အထိ မူရင်း ဒေါ်လာ ၁၇၀ ဈေးရဲ့ ထက်က် ဒေါ်လာ၉၀ ဈေးနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က