Nokia 8.3 5G စတိုင် Circular Camera Module နဲ့ လာပါတယ်

Nokia ဟာ ပရီမီယံဗားရှင်း 5G ဖုန်းသစ်နဲ့အတူ Midrange နဲ့ budget ဖုန်းသစ် သုံးမျိုးလည်း မိတ်ဆက်ခဲ့ပါတယ်။

Mid-range မော်ဒယ်အဖြစ် ထွက်လာတဲ့ Nokia 5.3 ဟာ ၂၀၁၈ ခုနှစ်က ထွက်ခဲ့တဲ့ Nokia 5.1 ရဲ့ အဆက်ဖြစ်ပြီး သူ့အရင်မော်ဒယ်နဲ့ စာရင်အတော်ကြီးကို အဆင့်မြှင့်တင်ထားတာပါ။ Nokia 5.3 ဟာ ၆.၅၅ လက်မ အကြီးစားမျက်နှာပြင်နဲ့ လာပြီး waterdrop Notch အမျိုးအစား display သုံးထားပါတယ်။







ကျောဘက်မှာ fingerpirnt sensor သုံးထားပြီး Nokia 8.3 5G စတိုင် လေးလုံးတွဲ Circular Camera Module ပါရှိပါတယ်။ ကျောဘက်ကင်မရာအနေနဲ့ Nokia 5.1 မှာ Single lens တစ်လုံးတည်း သုံးခဲ့ပေမယ့် Nokia 5.3 မှာ 13MP main camera ၊ 5MP ultrawide lens ၊ 2MP macro lens နဲ့ 2MP Depth sensor အဖြစ် Quad lens သုံးလာတာပါ။

ရှေ့ဘက် notch ထဲမှာ 8MP ကင်မရာ ပါရှိပြီး တစ်ခြား Nokia ဖုန်းသစ်တွေလိုပဲ Android 10 စနစ် နဲ့ လာပါတယ်။ Nokia 5.3 ဟာ Snapdragon 665 Processor ၊ RAM 4GB/64GB storage နဲ့ လာပြီး 4000mAh ဘက်ထရီ သုံးထားပါတယ်။ ကမ္ဘာ့ဈေးကွက်ထဲကို ဧပြီလမှာ စတင်ဖြန့်ချိသွားမှာ ဖြစ်ပြီး Cyan ၊ Sand နဲ့ Charcoal ကာလာ ၃ ရောင်နဲ့ ထွက်မှာ ဖြစ်ပါတယ်။

Nokia 5.3 ကို ၁၈၉ ယူရို (မြန်မာငွေ ၃ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က