ဈေးနှုန်း မကြေညာသေးပါဘူး

mid-range ဖုန်းတစ်လုံး ဖြစ်တဲ့ LG K42 ကို ဗဟိုအမေရိကနဲ့ ကာရစ်ဘီယံဒေသတွေမှာ ဖြန့်ချိသွားတော့မှာပါ။

LG K42 ကို အကြမ်းခံစမတ်ဖုန်းလို့ ဆိုနိုင်ပါတယ်။ ဒီဖုန်းမှာ စစ်တပ်အဆင့် အကြမ်းခံမှုစံ ဖြစ်တဲ့ MIL-STD-810G ထောက်ခံချက် ပါလာပါတယ်။ ကျောဘက်မှာ လှိုင်းတွန့်ပုံစံ Grippy panel ပါရှိပြီး အစင်းခြစ်ဒဏ်ခံနိုင်ရည် ရှိတဲ့ Anti-scratch UV coating အုပ်ထားပါတယ်။ 



Photo: Gizchina


ဒီဖုန်းမှာ သီးသန့် Google Assistant ခလုတ်တစ်ခုပါ တပ်ဆင်ထားပြီး ဘေးဘောင်မှာ fingerprint sensor ထည့်ထားပါတယ်။ LG K42 ဟာ မျက်နှာပြင် ၆.၆ လက်မ punch hole display ဒီဇိုင်းသုံးထားပြီး screen ဟာ HD+ ရုပ်ထွက် ပါရှိမှာပါ။ Helio P22 chipset သုံးထားပြီး RAM 3GB/64GB storage နဲ့ လာပြီး microSD card နဲ့ ထပ်ပြီး storage မြှင့်နိုင်မှာ ဖြစ်ပါတယ်။

punch-hole ကင်မရာ‌ပေါက်ထဲမှာ 8MP selfie ကင်မရာ ပါရှိပြီး ကျောဘက် လေးလုံးတွဲ စတုဂံကင်မရာကွက်ထဲမှာ 13MP main camera ၊ 5MP superwide lens ၊ 2MP depth sensor နဲ့ 2MP macro lens တို့ ပါရှိပါတယ်။ ကင်မရာလေးလုံးရဲ့ အောက်မှာ LED flash တစ်ခုလည်း ထည့်ထားပါတယ်။

LG K42 ဟာ ဘက်ထရီပါဝါ 4000 mAh သုံးထားပြီး 3D Sound Engine နဲ့ 3.5mm headphone jack တို့လည်း ပေးထားပါတယ်။ လောလောဆယ် ဈေးနှုန်းကြေညာခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က