Quad lens သုံးထားပါတယ်

Vivo ဟာ mid-range ဗားရှင်း 5G ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


Vivo S6 5G ဟာ တရုတ်ဈေးကွက်မှာ စတင်မိတ်ဆက်လာတဲ့ ဖုန်းဖြစ်ပြီး dual-mode 5G ချိတ်ဆက်မှု ပါလာပါတယ်။ ဒီဖုန်းဟာ waterdrop notch နဲ့ လာပြီး ကျောဘက်မှာ စက်ဝိုင်းပုံကင်မရာ module သုံးထားပါတယ်။ ကိုယ်ထည်အချိုး 20:9 ရှိပြီး in-display လက်ဗွေနည်းပညာ ထည့်သွင်းထားပါတယ်။



Photo: Gizbot


မျက်နှာပြင် ၆.၄၄ လက်မဟာ AMOLED display ( 2400x1080p) ရုပ်ထွက်ပါရှိပြီး 32MP selfie သုံးလာပါတယ်။ ကျောဘက် ကင်မရာစက်ဝိုင်းကွက်ထဲမှာတော့ 48MP main sensor ၊ 8MP ultrawide ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ လေးလုံး ပါရှိပါတယ်။ ထူးခြားတဲ့ တစ်ချက်က Samsung ထုတ် Exynos 980 5G chipset နဲ့ လာတာပါ။

Exynos 980 5G ဟာ5G modem ပါ chipset ဖြစ်ပြီး octa-core CPU နဲ့ အားကောင်းတဲ့ GPU စနစ် သုံးထားတဲ့ processor ဖြစ်ပါတယ်။ Vivo S6 5G မှာ RAM 8GB ပါပြီး storage 128GB နဲ့ 256GB နှစ်မျိုး ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 4500 mAh ဖြစ်ပြီး 18W fast charging ပံ့ပိုးထားပါတယ်။ ဆော့ဖ်ဝဲလ်ကတော့ Android 10 ကို အခြေခံထားတဲ့ Funtouch OS 10 ဖြစ်ပါတယ်။

Vivo S6 5G ဟာ အနက် ၊ အဖြူနဲ့ အပြာ ကာလာ ၃ ရောင်နဲ့ လာပါတယ်။ RAM 6GB/128GB ဗားရှင်းကို ၂၆၉၈ ယွမ် (မြန်မာငွေ ၅ သိန်း ၂ သောင်းခွဲခန့်) ၊ RAM 8GB/256GB storage ဗားရှင်းကို ၂၉၉၈ ယွမ် (မြန်မာငွေ ၅ သိန်း ၈ သောင်းခွဲခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က