နှစ်မျိုးစလုံးက မော့ကြည့်ရတဲ့ ဈေးတွေနဲ့လာတာပါ
Nyein Min Wai

Samsung ရဲ့ အကောင်းဆုံးဖုန်း Galaxy Note 10 + ဟာ စမတ်ဖုန်းကင်မရာလောကမှာ ချန်ပီယံလို့နာမည်ကြီးနေတဲ့ Huawei P30 Pro နဲ့နှိူင်းယှဉ်ကြည့်ချင်စရာပါ။

ဈေးကွက်ထဲ ရောက်ပြီးသား Huawei P30 Pro ဟာ pre-order မှာလို့ရပြီဖြစ်တဲ့ Galaxy Note 10+ နဲ့ယှဉ်ကြည့်ချင်စရာကောင်းတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အရေးကြီးဆုံးတစ်ချက်ကတော့ အန်းဒရိုက်ဖုန်းလောကမှာ နံပါတ်တစ်နေရာအတွက် ပုခုံးတိုက် ဒူးတိုက် အနေအထား ရောက်ရှိနေတဲ့ ထိပ်တန်း ဖုန်းကုမ္ဗဏီနှစ်ခုရဲ့ နောက်ဆုံးပေါ် ထုတ်ကုန်တွေဟာ ဘာတွေ ထူးခြားကွဲပြားနေသလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်နေလို့ပါ။


ဒီဇိုင်း

Photo: SmartGSM


Samsung ဟာ ဒီနှစ် Note 10 series မှာ အပြောင်းအလဲ အများကြီး လုပ်သွားတာ သိသာပါတယ်။ အရင်ဆုံး အရောင်ကအစ တရုတ် စမတ်ဖုန်း Brand တွေမှာ မြင်လေ့ရှိတဲ့ Gradient ရောင်ပြေးကာလာလိုင်းစနစ်ကို ပြောင်းသုံးလာတာ တွေ့ရပါတယ်။

Infinity O display ဒီဇိုင်းသစ်ကြောင့် ရှေ့ကင်မရာဟာ display ရဲ့ အပေါ်အလည်တည့်တည့် နေရာကွက်ကွက် မှန်ပြင်အောက်ကလေးမှာပဲ ရှိလာပါတယ်။ in-screen ကင်မရာ ဒီဇိုင်းဟာ စိတ်ဝင်စားစရာ မျက်စိပသာဒဖြစ်ပါတယ်။ ဖုန်းဘယ်ဘက်မှာပဲ ခလုတ်တွေ ထားပြီး Huawei P30 Pro လိုပဲ Headphone jack ပေါက်တော့ မသုံးတော့ပါဘူး။

လက်ရှိဈေးကွက်ထဲမှာ ဒီဇိုင်းအလှဆုံး ဖုန်းစာရင်းဝင်ထားတဲ့ Huawei P30 Pro ကတော့ waterdrop notch နဲ့လာပြီး ကိုယ်ထည်ထောင့်စွန်း curved လုံးထားတဲ့ ဒီဇိုင်းမှာ ပိုပြီး ကြွပါတယ်။ Galaxy Note 10+ ဟာ အထက်နဲ့လေးထောင့်ဆန်တဲ့ ဘက်ကို အားသန်တာ တွေ့ရပါတယ်။

စိတ်ဝင်စားစရာတစ်ချက်က Samsung ဟာ Galaxy Note 10+ မှာ Huawei P30 Pro ဆီက ဒီဇိုင်းနဲ့gradient ကာလာပုံစံတွေ ယူသုံးထားတာပါ။ ကျောဘက်ကင်မရာဒီဇိုင်းမှာဆိုရင်လည်း Huawei P30 Pro နဲ့မျက်စိမှားစရာ ဖြစ်နေပါတယ်။


Display

Photo: Inside Handy


Edge-To-Edge AMOLED screen သုံးထားတဲ့ Galaxy Note 10 + ဟာ display မှာ ဘုရင်တစ်ဆူဖြစ်တဲ့ Samsung ရဲ့ high-end ဖုန်းပါ။ 3040x1440p+ ရုပ်ထွက်နဲ့လာပြီး HDR10+ နဲ့Dynamic Tone Mapping စနစ်တွေ သုံးထားပါတယ်။

Huawei P30 Pro လည်း OLED panel ပဲ သုံးထားပြီး 2340 x 1080p ရုပ်ထွက်ဖြစ်လို့Galaxy Note 10+ ဟာ display ရုပ်ထွက်မှာ Huawei P30 Pro ထက် သာပါတယ်။ Galaxy Note 10+ ဟာ ၆.၈ လက်မ အကြီးစားဆိုဒ်နဲ့လာပြီး Huawei P30 Pro ကတော့ ၆.၄၇ လက်မ နဲ့လာပါတယ်။ အရွယ်အစား အကြီးအသေးနဲ့ပတ်သက်ပြီး သိပ်ပြောစရာ မရှိပေမယ့် သိပ်ပြီး ဆိုဒ်ကြီးလွန်းတဲ့ ဖုန်းတစ်လုံးဟာ ဖုန်းရဲ့ ဖက်ရှင်ပါ ထိခိုက်နိုင်တယ်လို့ခံစားရပါတယ်။

ဖုန်းနှစ်လုံးစလုံးဟာ display အောက် လက်ဗွေစနစ်နဲ့လာပြီး IP68 rating ရေစိုခံတဲ့ ဖုန်းတွေ ဖြစ်ပါတယ်။



Specs



Huawei ဟာ P30 Pro မှာ HiSilion Kirin 980 processor သုံးထားပါတယ်။ Galaxy Note 10+ မှာလည်း 7nm process နဲ့ထုတ်ထားတဲ့ နောက်ဆုံးပေါ် High-end processor သုံးသွားတာပါ။ တစ်ခုရှိတာက တရုတ်နဲ့အမေရိကန်ဈေးကွက်တွေမှာ Snapdragon 855 SoC နဲ့ဝင်ပြီး ကျန်တဲ့ ဈေးကွက်တွေမှာတော့ Samsung ရဲ့ ကိုယ်ပိုင် Exynos 9825 Processor နဲ့လာပါတယ်။

ထူးခြားတာက Samsung ဟာ Galaxy Note 10+ မှာ LTE ဗားရှင်းအပြင် 5G နဲ့ပါ ထုတ်ထားပြီး တောင်ကိုရီးယားလိုမျိုး 5G services သုံးနိုင်တဲ့ နိုင်ငံတွေမှာ Galaxy Note 10+ 5G သုံးနိုင်မှာပါ။ Huawei P30 Pro ကတော့ LTE ဗားရှင်းတစ်မျိုးတည်းနဲ့လာပြီး RAM 8GB နဲ့ထွက်ထားတာ ဖြစ်ပါတယ်။

RAM ပမာဏအရ ယှဉ်ရင် Galaxy Note 10+ ဟာ 12GB ဗားရှင်းဖြစ်လို့ပိုမြင့်ပါတယ်။ storage မှာလည်း 256GB နဲ့512GB ဗာရှင်းတွေ ပါတာချင်း အတူတူ Huawei P30 Pro အချက်အလက်ပေးပို့မှူမှာ UFS 2.1 စနစ်ဟောင်းသုံးထားပြီး Galaxy Note 10+ ကတော့ နောက်ဆုံးပေါ် UFS 3.0 နည်းပညာနဲ့လာတဲ့ အားသာချက်တွေ ရှိပါတယ်။


Photo: siamphone

ဘက်ထရီပါဝါမှာ Huawei P30 Pro ဟာ 4200mAh ဘက်ထရီသုံးထားလို့4300mAh ဘက်ထရီ သုံးထားတဲ့ Galaxy Note 10+ ထက် နည်းနည်းလေး သေးပါတယ်။ နောက်တစ်ခုက Galaxy Note 10+ မှာ သုံးထားတဲ့ အားသွင်းစနစ်ဟာ 45W Super Fast Charging ဖြစ်ပြီး Huawei P30 Pro ကတော့ 40W SuperCharge ပါ။ အချက်အလက်တွေအရ အားသွင်းစနစ်မှာ Galaxy Note 10+ က သာတယ်လို့ပြောနိုင်ပေမယ့် Galaxy Note 10+ နဲ့လာတဲ့ charger ကတော့ 25W အထိပဲ ပံ့ပိုးပါတယ်။

တကယ်လို့45W charging speed လိုချင်တယ်ဆိုရင် USB-C PD charger တစ်ခု ထပ်ဝယ်ရမှာပါ။ ဖုန်းနှစ်မျိုးစလုံးဟာ 15W Wireless charging ပါပြီး Galaxy Note 10+ ဟာ Huawie P30 Pro မှာ အရင်ဆုံး အသုံးပြုလာခဲ့တဲ့ Reverse Wireless Charging စနစ် ကို သုံးထားပါတယ်။


ကင်မရာ

Photo: UnboxPH


ရိုးရိုးတန်းတန်း ပြောရရင် ဒီဖုန်း နှစ်မျိုးစလုံးဟာ ကျောဘက်ကင်မရာ ၄ လုံး သုံးတဲ့ Quad Lens ဖုန်းတွေလို့ပြောနိုင်ပါတယ်။ နည်းနည်း ယှဉ်ကြည့်မယ်ဆိုရင် Samsung ဟာ Galaxy Note 10+မှာ အရင် Galaxy high-end ဖုန်းတွေမှာလိုပဲ 12MP ကိုပဲ သုံးလာတာပါ။

Galaxy Note 10+ ကို ကြည့်မယ်ဆိုရင် OIS နဲ့dual aperture ပါတဲ့ 12MP ပင်မကင်မရာ ၊ OIS နဲ့tele ဆွဲနိုင်တဲ့ 12MP ၊ ၁၂၃ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 16MP နဲ့ထူးထူးခြားခြား depth ရိုက်နိုင်မယ့် VGA ရုပ်သံ ToF Depth Sensor တစ်လုံး သုံးထားတာပါ။ ကင်မရာစွမ်းရည်မှာ high-class ဖြစ်တယ်ဆိုပေမယ့် ဆန်းသစ်မှူနဲ့စွမ်းဆောင်ရည်မှာ Huawei P30 Pro ကို ကျော်နိုင်ဖို့ခက်ပါမယ်။

Huawei P30 Pro ဟာလည်း OIS စနစ်ကို lens နှစ်လုံးမှာ သုံးပြီး ToF Sensor နဲ့ultra wide ကင်မရာတစ်လုံး သုံးသွားတာပါ။ ဂျာမန် Leica အမှတ်တံဆိပ် Quad-Lens အတွဲအဖြစ် Huawei P30 Pro မှာ 40MP Dual Pixel PDAF ကင်မရာ ၊ 20MP ultra-wide ကင်မရာ ၊ 5x optical zoom / 50x digital zoom နဲ့10x hybrid zoom စတဲ့ အနီးအဝေးဆွဲမှူမှာ ပြိုင်ဘက်ကင်းတဲ့ 8MP telel နဲ့ကင်မရာနဲ့ရိုက်မယ့်ပုံရိပ်အကြား အကွာအဝေးကို တိုင်းကေပးတဲ့ Time Of Flight (ToF) sensor သုံးလာပါတယ်။

Galaxy Note 10+ ရဲ့ ကင်မရာကို အပြင်မှာ အသေအချာ စမ်းမသုံးကြည့်ရသေးပေမယ့် Huawei P30 pro ကင်မရာကို စမ်းရိုက်ကြည့်ချိန်မှာ အတော်လေး Impressive ဖြစ်ဖူးပါတယ်။လက်ရှိ စမတ်ဖုန်း ကင်မရာလောကမှာလည်း Huawei P30 Pro ရဲ့ စွမ်းရည်ကို ယှဉ်နိုင်တဲ့ ဖုန်းရှားပါတယ်။ အထူးသဖြင့် Low Light ရိုက်ချက်နဲ့အဝေးဆွဲ ရိုက်ချက်တွေ ဖြစ်ပါတယ်။


ဆယ်လ်ဖီကင်မရာမှာလည်း Huawei P30 Pro ဟာ MP အမြင့်ဖြစ်တဲ့ 32MP ကို သုံးလာပါတယ်။ Galaxy Note 10+ ကတော့ 10MP ကင်မရာနဲ့လာတာပါ။ MegaPixel ကို အလေးအနက် ထားဖို့မထားဖို့ဆိုတာထက် ဒါကလည်း ကင်မရာစွမ်းရည်နဲ့ပုံဖော်နိုင်စွမ်းကို အားသာစေတဲ့ အချက်ထဲမှာ ပါပါတယ်။


S Pen ၊ ဆော့ဖ်ဝဲလ်နဲ့ဈေးနှူန်း

Photo: Yahoo News


Galaxy Note 10+ ရဲ့ key feature နဲ့ကွဲလွဲမှူကတော့ ရှင်းပါတယ်။ S Pen ပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး S Pen ရဲ့ Bluetooth လုပ်ဆောင်ချက်တွေ မြင်ခဲ့ရသလို ဒီနှစ်မှာလည်း Gesture နဲ့Pen သုံးပြီး အဝေးထိန်း လုပ်ဆောင်ချက်တွေ လုပ်ခိုင်းနိုင်တဲ့ feature တွေ ပါလာပါတယ်။ S Pen ကတော့ ငြင်းစရာမရှိပါဘူး။ Note series မဟုတ်တဲ့ အန်းဒရိုက်ဖုန်းတစ်လုံးအနေနဲ့Huawie P30 Pro မှာလည်း အပြစ်ဆိုစရာ မရှိပါဘူး။

ဖုန်းနှစ်လုံးစလုံးဟာ Android 9 Pie ကို အခြေခံထားတဲ့ ကိုယ်ပိုင် UI တွေနဲ့လာပါတယ်။ UI မှာ ကျွန်တော်ပိုပြီး Prefer ဖြစ်တာကတော့ Samsung ရဲ့ OneUI ဖြစ်ပြီး EMUI ကို ကြိုက်သူတွေအတွက်လည်း Huawei ရဲ့ နောက်ဆုံးထွက် EMUI ကို နှစ်သက်ကြမှာပါ။

စိုးရိမ်စရာတစ်ခုက အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေး ပိတ်ပင်မှူတွေ ပိုတင်းကြပ် ဆိုးရွားခဲ့မယ်ဆိုရင် လာမယ့်နှစ်တွေမှာ ထွက်လာမယ့် Huawei P series ထိပ်တန်းဖုန်းတွေမှာ Android စနစ် သုံးနိုင်ပါဦးမလား ။ မနေ့တစ်နေ့ကပဲ Huawei Developer Conference 2019 မှာ Harmony OS ကို.မိတ်ဆက်ထားလို့တကယ်လို့Android မရရင် Harmony OS နဲ့လာဖို့များပါတယ်။

Photo: MySmartPrice

ထားပါ။ နောက်တစ်ခုက ဈေးနှူန်း ။ ဈေးနှူန်းကို အနည်းဆုံးကနေ စယှဉ်ကြည့်ရအောင် ။ Huawei P30 Pro ရဲ့ RAM 8GB/256GB storage ဗားရှင်းကို ပြည်တွင်းဈေးကွက်မှာ ၁၄ သိန်း ၉ သောင်း ၉ ထောင်ဈေးနဲ့ရောင်းချနေပါတယ်။ Samsung Galaxy Note 10+ ( RAM 12GB/256GB Storage) မော်ဒယ်ကို မြန်မာငွေ ကျပ် ၁၆ သိန်း ၉ သောင်း ၉ ထောင် ဈေးနဲ့ပြည်တွင်းမှာေ ရာင်းချသွားမှာပါ။

ဈေးကို ကြည့်ရင် နှစ်မျိုးစလုံးက တကယ့် High-end ပရီမီယံတွေပါပဲ။ တကယ်လို့S Pen နဲ့latest features တွေ ပါတာ ကြိုက်တယ်ဆိုရင် Samsung Galaxy Note 10+ ကို ရွေးဝယ်သင့်ပါတယ်။ ကင်မရာအကောင်းစားကြိုက်တယ် အဝေးဆွဲ ရိုက်ချက်တွေအတွက် ဖုန်းကောင်းကောင်း လိုတယ်ဆိုရင် Huawei P30 Pro ကို စဉ်းစားသင့်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က