ဈေးနှုန်းနဲ့ ဖုန်းအချက်အလက်တွေ မသိရသေးပါဘူး

Galaxy Z Fold 2 ဟာ စိတ်လှုပ်ရှားစရာအပြောင်းအလဲသစ်တွေ ထည့်သွင်းလာတဲ့ Samsung ရဲ့ Flagship Foldable ဖုန်းသစ်တစ်လုံး ဖြစ်ပါတယ်။

ထုတ်ကုန်သစ် ၅ မျိုးကို မိတ်ဆက်သွားတဲ့ Galaxy Unpacked Event ပွဲမှာ Galaxy Note 20 စီးရီးနဲ့အတူ Galaxy Fold ရဲ့ ဒုတိယမျိုးဆက် ခေါက်သိမ်းနိုင်စမတ်ဖုန်းသစ် Galaxy Z Fold 2 ကို ကြေညာသွားတာ ဖြစ်ပါတယ်။ Galaxy Z Fold 2 မှာ ထင်ရှားတဲ့ အပြောင်းအလဲတစ်ခုအနေနဲ့ အပြင် Secondary Display အရွယ်အစားကို မြှင့်လိုက်တာပါ။



Photo: The Verge

Galaxy Fold ရဲ့ ကာဗာ screen ဟာ ၄.၆ လက်မပဲ ရှိခဲ့ရာကနေ ဒီဗားရှင်းသစ်မှာ Galaxy S20 ရဲ့ screen size မျိုးဖြစ်တဲ့ ၆.၂ လက်မအထိ တိုးလိုက်တာ ဖြစ်ပါတယ်။ ဖြန့်ထားချိန် Primary display ဟာ ၇.၆ လက်မ ရှိမှာ ဖြစ်ပြီး ဒီ display နှစ်ခုစလုံးဟာ မူလ Galaxy Fold ထက် ကြီးပါတယ်။ Infinity O display အမျိုးအစား သုံးထားပြီး တစ်ခြား အချက်အလက်တွေတော့ မသိရသေးပါဘူး။

Fold 2 ဟာ Mystic Black အနက်နဲ့ Mystic Bronze ကြေးနီ နှစ်‌ရောင်နဲ့ လာပြီး 5G ဗားရှင်းလည်း ထွက်ရှိမှာပါ။ လောလောဆယ်မှာတော့ ဖုန်းရဲ့ အတွင်းပိုင်း အချက်အလက်များနဲ့ ဈေးနှုန်းအကြောင်း မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က