၃၆၀ ဒီဂရီခေါက်လှည့်လို့ရမှာပါ
Nyein Min Wai

Microsoft ရဲ့ Surface Duo စမတ်ဖုန်းကတော့ ခေတ်ပေါ် foldable screen သုံး ဖုန်းတွေနဲ့လုံးဝ ကွဲပြားနေပါတယ်။

Screen နှစ်ခြမ်းကို ၃၆၀ ဒီဂရီ ခေါက်လို့ရမယ့်ပတ္တာ hinge တစ်ခုနဲ့တွဲပေးထားတာပါ။ ကြားထဲမှာ gap တစ်ခုပါ မြင်ရမှာပါ။ ဒီဇိုင်းပိုင်းအားဖြင့် ZTE Axom M လိုမျိုး display နှစ်ခု ချိတ်ဆက်ထားတဲ့ ပုံစံ ဖြစ်ပါတယ်။ Surface Duo ဟာ Android စနစ်နဲ့လာတဲ့ ဖုန်းဖြစ်ပြီး အခုထိတော့ concept ဖုန်းအနေနဲ့ပဲ မိတ်ဆက်ထားတာပါ။



ကုမ္ပဏီကတော့ လာမယ့် ၂၀၂၀ အားလပ်ရက်မတိုင်ခင်အထိ Surface Duo ကို ထုတ်သွားမှာ မဟုတ်ပါဘူး။ Surface Duo ဟာ မျက်နှာပြင် ၅.၆ လက်မစီ ရှိတဲ့ screen နှစ်ခုကို ချိတ်ဆက်ပေးထားတာ ဖြစ်ပြီး display ပေါ်က bezel တွေကတော့ ဟိုးအရင်ခေတ်က စမတ်ဖုန်းဘေးဘောင်တွေကို သတိရစရာပါ။

ဖုန်းတစ်ခုလုံးရဲ့ မျက်နှာပြင်အတိုင်းအတာဟာ ၈.၃ လက်မဖြစ်လို့တက်ဘလက်အငယ်စားလို့ပြောနိုင်ပါတယ်။ Microsoft ဟာ Surface Duo မှာ သုံးမယ့် Operating System အတွက် Google နဲ့ပေါင်းခဲ့ပါတယ်။ ဒါကြောင့် Surface Duo မှာ Google Play Store က apps တွေ သုံးနိုင်တော့မှာပါ။

Surface Duo နဲ့Surface Neo တက်ဘလက် (Photo: extremetech)

ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း Microsoft ဟာ မိုဘိုင်းဖုန်းတွေအတွက် ကိုယ်ပိုင် OS တစ်ခု တည်ဆောက်ခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်နှစ်လောက် အရောက်မှာတော့ ဒီကြိုးပမ်းမှုကို စွန့်လွှတ်ခဲ့ပါတယ်။ မိုဘိုင်းလ် OS လောကမှာ Google ရဲ့ Android OS ဟာ ကမ္ဘာ့စမတ်ဖုန်းအားလုံးရဲ့ ၈၇% နဲ့Apple iOS က ၁၃% ကြီးစိုးထားပါတယ်။


က္က