ဘက်ထရီအားသွင်းစနစ်ပါ ပြောင်းထားပါတယ်။
Nyein Min Wai

Realme XT ကိုမှ processor နဲ့တစ်ချို့features တွေ အဆင့်မြှင့်တင်ထားတဲ့ Realme X2 ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


တရုတ်ဖုန်းကုမ္ပဏီ Realme ကနေ အသစ်မိတ်ဆက်လိုက်တဲ့ Realme X2 ဟာ Realme XT နဲ့တစ်ပုံစံတည်း ဖြစ်သလို အချက်အလက် တော်တော်များများလည်း တူနေပါတယ်။ ထူးခြားလာတာက ဂရပ်ဖစ် လုပ်ဆောင်ချက် ပိုမြင့်တဲ့ Snapdragon 730G processor နဲ့လာတာ ဖြစ်ပါတယ်။

Photo: GSMArena


ဒီဖုန်းအရင် ထွက်ထားတဲ့ Realme XT မှာဆိုရင် Snapdragon 712 processor သုံးထားပြီး GPU ကတော့ Adreno 616 ဖြစ်ပါတယ်။ Realme X2 မှာတော့ ဂရပ်ဖစ်ပိုကောင်းတဲ့ Adreno 618 GPU နဲ့ထွက်လာတာပါ။ ဒီဖုန်းကို Realme XT 730G နာမည်နဲ့အိန္ဒိယဈေးကွက်မှာ မိတ်ဆက်မယ်လို့လည်း ဆိုပါတယ်။

Realme X2 မှာ နောက်ထပ် အပြောင်းအလဲတစ်ခုကတော့ selfie ကင်မရာပါ။ အရင် Realme XT ရဲ့ 16MP ဆယ်လ်ဖီကင်မရာကနေ အခုဆို 32MP ကင်မရာဆိုပြီး ဆယ်လ်ဖီပိုင်းကို အဆင့်မြှင့်လိုက်ပါတယ်။ ဘက်ထရီအားသွင်းစနစ်မှာလည်း 20W fast charging ကနေ 30W VOOC Flash Charge 4.0 ပံ့ပိုးမှုပေးလိုက်ပါတယ်။

NFC chip တစ်ခု ထည့်သွင်းလိုက်သလို ကင်မရာ feature အနေနဲ့လည်း Realme XT မှာ မမြင်ခဲ့ရတဲ့ feature တစ်ချို့ပါလာပါတယ်။ ဥပမာ- 8MP ultrawide ကင်မရာနဲ့ဗွီဒီယိုရိုက်တာတို့၊ Real-time bokeh ကို ဗွီဒီယိုမှာ သုံးနိုင်တာတို့စတဲ့ feature တွေ ထည့်ထားပါတယ်။ကျန်တဲ့ အချက်အလက်တွေကတော့ Realme XT အတိုင်း 64MP main camera နဲ့အတူ 8MP ultra-wide ကင်မရာ ၊ 2MP depth sensor နဲ့2MP macro ကင်မရာဆိုပြီး သုံးထားတာပါ။


Photo: themobileindian

မျက်နှာပြင်အရွယ်အစား ၆.၄ လက်မ Super AMOLED display ကိုပဲ Realme X2 မှာ သုံးထားပြီး မှန်ပြင်အောက်မှာ လက်ဗွေနည်းပညာထည့်ထားပါတယ်။ OS ကိုတော့ Android 9 Pie ကို အခြေခံထားတဲ့ ColorOS 6 နဲ့လာပြီး 4000 mAh ဘက်ထရီပါရှိပါတယ်။ Realme XT ကို ပုလဲအဖြူနဲ့အပြာ ကာလာ ၂ ရောင်နဲ့တရုတ်ဈေးကွက်မှာ မိတ်ဆက်ထားပါတယ်။

RAM 6GB/64GB storage ဗားရှင်းကို ၁၅၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းခွဲခန့်) နဲ့RAM 8GB/128GB storage မော်ဒယ်ကို ၁၈၉၉ ယွမ် ( မြန်မာငွေ ၄ သိန်းကျော်) ဈေးနဲ့ဝယ်ယူနိုင်မှာပါ။


က္က