Redmi K30 5G ကို processor ပြောင်းထားတာပါ

ပိုမိုသွက်လက်မြန်ဆန်လာတဲ့ 5G mid-range processor သစ် နဲ့ တန်ဖိုးသင့် Redmi Edition သစ်ကို Xiaomi က ကြေညာသွားပါတယ်။

Xiaomi ဟာ Snapdragon 768G chipset ကို ပထမဆုံး သုံးထားတဲ့ Redmi K30 5G Racing Edition သစ်ကို မိတ်ဆက်လိုက်တာပါ။ 5G ကွန်ရက် ချိတ်ဆက်နိုင်တဲ့ ဒီ processor သစ်ဟာ လက်ရှိထွက်ထားတဲ့ Snapdragon 765 နဲ့ 765G processor တွေထက် CPU နဲ့ GPU ပိုင်းမှာ စွမ်းဆောင်ရည် အနည်းငယ်သာလွန်ပါတယ်။



Photo: The New York Papers


ဒီ processor ဟာ CPU clock speed မှာ 2.4GHz ကနေ 2.8GHz အထိ မြှင့်ထားပြီး Adreno 620 GPU နဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်မှာ ၁၅%မြှင့်ထားပါတယ်။ 5G modem လည်း တစ်ခုတာ ထည့်သွင်းထားပြီး dual mode 5G ဖြစ်တဲ့ SA/NSA စနစ်နှစ်မျိုးစလုံးနဲ့ ချိတ်ဆက်နိုင်မှာပါ။ RAM 6GB နဲ့ storage ပမာဏ 128GB နဲ့ ထွက်ထားပါတယ်။

ကျန်တဲ့ အချက်အလက်တွေကတော့ အရင် Redmi K30 နဲ့ အတူတူပါပဲ။ display size ဟာ ၆.၆၇ လက်မရှိပြီး FHD+ reolution 120Hz refresh rate display နဲ့ လာပြီး ရှေ့ဘက် punch hole ကင်မရာပေါက်ထဲမှာ 20MP နဲ့ 2MP နှစ်လုံးတွဲဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ ကျောဘက်မှာ စက်ဝိုင်းပုံ Camera Cutout ထဲ ထောင်လိုက်ပုံစံ လေးလုံးတွဲကင်မရာနဲ့ လာပါတယ်။


Photo: NDTV Gadgets 360


ကင်မရာအနေနဲ့ 64MP main sensor ၊ 8MP ultrawide ၊ 5MP macro ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။ ဒီကင်မရာဖွဲ့စည်းမှုဟာ Redmi K30 5G နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။ ဘက်ထရီပါဝါ 4500mAh ဟာ 30W Fast charging ပံ့ပိုးထားပါတယ်။ fingerprint ကတော့ ဖုန်းပါဝါခလုတ်မှာ တစ်ခါတည်း ထည့်သွင်းထားပါတယ်။

လောလောဆယ်မှာတော့ Redmi K30 Racing Edition ဟာ တရုတ်ဈေးကွက်တစ်မျိုးတည်းမှာပဲ မတ်ဆက်ထားပြီး ‌ဈေးနှုန်း ၁၉၉၉ ယွမ် (မြန်မာငွေ ၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က