မြန်မာငွေ ၅ သိန်းခွဲခန့်ဈေးကနေ စတင် ဝယ်ယူနိုင်မှာပါ

Flagship Killer တွေရဲ့ ကမ္ဘာထဲ Xiaomi ဟာ Redmi K20 series နဲ့ထိုးဖောက်လာပြီလို့ဆိုရမှာပါ။


         တကယ့် Game Changer နေရာအတွက် Redmi K20 Pro ဟာ မကြာသေးခင်က ထွက်ထားတဲ့ OnePlus 7 Pro ကို ဦးတည်ပြီး ထုတ်လိုက်တာလို့တောင် ပြောနိုင်ပါတယ်။ Full View screen ဖြစ်ဖို့pop-up ကင်မရာတွေ သုံးလာတဲ့ ခေတ်မှာ Xiaomi ဟာ Redmi K20 Pro နဲ့အတူ ဒီနည်းပညာကို စတင်ပွဲထုတ်လိုက်တာပါ။ မျက်နှာပြင် ၆.၃၉ လက်မအရွယ် Redmi K20 Pro ဟာ Screen to body ratio ၉၁.၉% ရှိပြီး AMOLED display နဲ့လာတာပါ။










Photo: androidcentral

         ဒီမှန်ပြင်အောက်မှာတော့ သတ္တမမျိုးဆက် in-display လက်ဗွေနည်းပညာ ထည့်သွင်းထားပြီး screen အကြာကြီး ကြည့်ချိန်မှာ မျက်စိမနာစေဖို့DC Dimming နဲ့brightness level မှာ 600 nits အထိ ရှိမှာ ဖြစ်ပါတယ်။ Redmi K20 Pro ရဲ့ ဒီဇိုင်းဟာ သတင်းပေါက်ကြားထားတဲ့အတိုင်း တစ်ပုံစံတည်း ဖြစ်သလို အချက်အလက်တော်တော်များများလည်း မှန်ပါတယ်။ ဥပမာ - 4000mAh ဘက်ထရီ ကို 27W fast charging ပေးမယ်ဆိုတဲ့ အချက်လည်း မှန်ပါတယ်။

         Redmi Brand မန်နေဂျာ လုဝေဘင်းကတော့ Redmi K20 Pro ကို မိတ်ဆက်ချိန်မှာ ဒီအားသွင်းစနစ်ဟာ မိနစ် ၃၀ အတွင်း ၅၈% charging ဝင်မယ့် နည်းပညာဖြစ်ပြီး ၇၄ မိနစ်နဲ့အားအပြည့်သွင်းနိုင်မယ်လို့ဆိုပါတယ်။ ဂိမ်းပိုင်းမှာလည်း Game Turbo 2.0 လိုမျိုး ဂိမ်းကစားမှုကို ညက်ညောစေမယ့် features ထည့်သွင်းထားပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ ဖုန်းကိုယ်ထည်ထဲမှာ အိမ်နဲ့ထည့်ထားတဲ့ pop-up ကင်မရာဖြစ်ပြီး 20MP sensor သုံးထားပါတယ်။



         ကျောဘက်မှာ Sony IMX586 sensor ပါတဲ့ 48MP primary ကင်မရာ ၊ 2x optical zoom ဆွဲရိုက်နိုင်မယ့် 8MP telephoto lens နဲ့၁၂၄ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 13MP wide-angle ကင်မရာတို့သုံးထားပါတယ်။ ဒီကင်မရာတွေဟာ ဖုန်းကျောဘက်အလယ်မှာ ထောင်လိုက် Settings အနေနဲ့ထုတ်ထားတာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ကတော့ Android 9 Pie ကို အခြေခံထားတဲ့ MIUI 10 ဖြစ်ပါတယ်။

         ဒီဖုန်းကို Flame Red ၊ Glacier Red နဲ့Carbon Fiber Black ကာလာ ၃ ရောင်နဲ့ထုတ်ထားပြီး အစောပိုင်း ပေါက်ကြားထားတဲ့ သတင်းတွေမှာထက် ဈေးပိုနည်းနေပါတယ်။ Redmi K20 Pro ရဲ့ အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ဗားရှင်းကို ၂၄၉၉ ယွမ် ( မြန်မာငွေ ၅ သိန်းခွဲခန့်) ၊ RAM 6GB/128GB storage ကို ၂၅၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၇ သောင်းကျော်) ၊ RAM 8GB/128GB storage ကို ၂၇၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၁ သောင်းကျော်) နဲ့အမြင့်ဆုံးမော်ဒယ် RAM 8GB/256GB storage ကို ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၆ သောင်းကျော် ) ဈေးနဲ့ရောင်းချသွားသွားမှာပါ။

Photo: xda-developers

         Redmi K20 အနိမ့်ဆုံးဗားရှင်း RAM 6GB/64GB storage ကို ၁၉၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၄ သောင်းကျော်) နဲ့RAM 6GB/128GB storage ကို ၂၀၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၆ သောင်းကျော်) နဲ့တရုတ်ဈေးကွက်မှာ ဇွန် ၁ ရက်နေ့က စပြီး ဝယ်ယူနိုင်မယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က