budget flagship ဖုန်းပါ
Nyein Min Wai

Meizu ရဲ့ flagship ဖုန်းသစ် Meizu 16T ဟာ Snapdragon 855 processor သုံးတဲ့ ဖုန်းတွေထဲမှာ ဈေးအသက်သာဆုံးလို့ပြောနိုင်ပါတယ်။

တရုတ်ဈေးကွက်ထဲ မိတ်ဆက်သွားတဲ့ Meizu 16T ဟာ ဘက်ဂျက် flagship ဖုန်းဖြစ်ပြီး notch တွေ ၊ pop up ကင်မရာတွေ နဲ့punch hole display မသုံးတဲ့ ရှားရှားပါးပါး ဖုန်းတစ်လုံးပါ။ display ဟာ အပေါ်နဲ့အောက်ဘက် bezel ပါးပါးပဲ သုံးထားပြီး အပေါ်ဘောင်ပါးထဲမှာ ရှေ့ဆယ်လ်ဖီကင်မရာ ၊ earpiece နဲ့ပုံမှန် sensors တွေ ထည့်ထားပါတယ်။

Photo: GSMArena


မျက်နှာပြင်အရွယ်အစား ၆.၅ လက်မဟာ OLED display သုံးထားပြီး fingerprint ကလည်း display အောက်မှာပဲ ရှိပါတယ်။ screen ဟာ အပြာအလင်းထုတ်လွှင့်မှု လျှော့ချပေးဖို့အတွက် TÜV ထောက်ခံချက် ရထားပါတယ်။ flagship ဖုန်းဖြစ်တဲ့ Meizu 16T ဟာ ၂၀၁၉ high-end processor ဖြစ်တဲ့ Snapdragon 855 SoC ၊ Adreno 640 GPU တို့သုံးထားပါတယ်။

memory အတွဲအနေနဲ့RAM 6GB ၊ UFS 3.0 storage စနစ်သုံး 128GB storage အပြင် RAM 8GB/256GB storage ဆိုပြီး ထွက်ထားပါတယ်။ microSD card မပါပေမယ့် 3.5mm headphone jack တော့ ပါရှိပါတယ်။ 4500 mAh ဘက်ထရီဟာ 18W fast mCharge သုံးပြီး Android 9 Pie ကို အခြေခံထားတဲ့ Flyme 8 နဲ့လာပါတယ်။


Photo: GSMArena

Meizu 16T ဟာ ကျောဘက်ကင်မရာ ၃ လုံးတွဲစနစ်နဲ့လာပြီး 12MP sony ImX362 sensor က main sensor ပါ။ ဒီကင်မရာနဲ့အတူ ၁၁၈ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP wide-angle ကင်မရာ နဲ့5MP depth sensor တို့ပါရှိပါတယ်။ ရှေ့ဘက်ကင်မရာဟာ 16MP ဖြစ်ပြီး software update တင်ပေးချိန်မှာ Super Night Scene ကင်မရာစနစ် ထည့်ပေးသွားမယ်လို့ဆိုပါတယ်။

အရောင်အနေနဲ့လိမ္မော် ၊ အပြာနဲ့အစိမ်း ကာလာ ၃ ရောင်နဲ့လာပြီး RAM 6GB/128GB storage ကို ၁၉၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၃ သောင်းကျော်) ၊ RAM 8GB/128GB storage မော်ဒယ် ဝယ်မယ်ဆိုရင် နောက်ထပ် ယွမ် ၃၀၀ ထပ်ပေးရမှာပါ။ အမြင့်ဆုံး RAM 8GB/256GB storage ကတော့ ၂၄၉၉ ယွမ် ( မြန်မာငွေ ၅ သိန်းခွဲနီးပါး) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။


က္က