မြန်မာငွေ ၆ သိန်းနဲ့၇ သိန်းအကြား ဈေးနဲ့ရောင်းချသွားမှာပါ
Nyein Min Wai

မေလကုန်ပိုင်းက ထွက်ခဲ့တဲ့ Redmi K20 Pro ဟာ အခုဆို high-end processor သစ်နဲ့RAM အမြင့်သုံးပြီး ထွက်လာပြီ ဖြစ်ပါတယ်။


Redmi K20 Pro Premium ဗားရှင်းသစ်ဟာ Redmi K20 Pro ကိုမှ processor သစ်နဲ့RAM ပမာဏ 12GB အထိ မြှင့်လိုက်တာပါ။ ဒီဇိုင်းနဲ့ကျန်တဲ့ features တွေဟာ Redmi K20 Pro အတိုင်းပဲ ဖြစ်ပါတယ်။ pop-up selfie ကင်မရာသုံးထားပြီး မျက်နှာပြင်အရွယ်အစားဟာ ၆.၃၉ လက်မ AMOLED display ပါရှိပါတယ်။ ဒီ screen ရဲ့ အောက်မှာတော့ လက်ဗွေကို ထည့်သွင်းထားတာပါ။

Photo: gizchina


flagship killer ဖုန်းတစ်လုံးအနေနဲ့Redmi K20 Pro ကို မိတ်ဆက်ချိန်မှာ high-end processor သစ်ဖြစ်တဲ့ Snapdragon 855 SoC သုံးသွားခဲ့ပါတယ်။ Premium Edition သစ်ကတော့ ရှားရှားပါးပါး Snapdragon 855+ processor နဲ့လာပါတယ်။ Snapdragon 855 Plus SoC ဟာ ရိုးရိုး Snapdragon 855 ထက် ဂိမ်းကစားစဉ် ဂရပ်ဖစ်အတွက် GPU ပိုင်းမှာ ၁၅% ပိုကောင်းလာတဲ့ processor ဖြစ်လို့မိုဘိုင်းဂိမ်မာတွေအတွက် စိတ်ကြိုက်တွေ့မယ့် processor လို့ဆိုနိုင်ပါတယ်။

RAM/storage မှာလည်း top specs လို့ပြောရမယ့် အမြင့်ဆုံးအတွဲအစပ် RAM 12GB/512GB storage အထိ ပါလာပါတယ်။ base version အနေနဲ့RAM 8GB/128GB storage နဲ့အတူ RAM 8GB/512GB storage ဗားရှင်းလည်း ထွက်ထားပါတယ်။ ကင်မရာဟာ မူရင်း Redmi K20 Pro အတိုင်း 48MP primary shooter ၊ 8MP Tele lens နဲ့13MP ultrawide ကင်မရာဆိုပြီး ထောင်လိုက်သုံးလုံးတွဲကင်မရာစနစ် သုံးထားပါတယ်။

Redmi K20 Pro Premium မှာလည်း 27W fast charging ပံ့ပိုးမှုပါတဲ့ 4000 mAh ဘက်ထရီ သုံးထားပြီး အနိမ့်ဆုံး RAM 8GB/128GB storage ကို ၂၆၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၈ သောင်းခွဲခန့်) ၊ RAM 8GB/512GB storage မော်ဒယ်ကို ၂၉၉၉ ယွမ် ( မြန်မာငွေ ၆ သိန်းခွဲ) ဈေးနဲ့RAM 12GB/512GB storage မော်ဒယ်ကို ၃၁၉၉ ယွမ် ( မြန်မာငွေ ၇ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။



Photo: tme.net

တန်ဖိုးနည်း high-end ဖုန်းတွေအဖြစ် ဈေးကွက်မှာ စတင်လမ်းကြောင်းဖောက်ခဲ့တဲ့ Redmi K20 series ဟာ ဈေးကွက်ထဲ မိတ်ဆက်ပြီး ၃ လကျော်အတွင်း အလုံးရေ ၃ သန်းအထိ ရောင်းချနိုင်ပြီလို့ဆိုပါတယ်။ မေလကုန်ပိုင်းက ဈေးကွက်ထဲ ကြေညာသွားခဲ့တဲ့ Redmi K20 နဲ့K20 Pro ရောင်းအားဟာ အလုံးရေ ၁ သန်းဖြစ်နေပြီလို့ကုမ္ပဏီက ဇူလိုင်လထဲမှာ ကြေညာထားတာဖြစ်ပြီး နောက်ပိုင်း ရောင်းအားပိုသွက်လာတဲ့ သဘောဖြစ်နေပါတယ်။


က္က