4G မော်ဒယ်ထက် ဒေါ်လာ ၇၀ ကျော် ဈေးပိုကြီးမှာပါ
Nyein Min Wai

ဩဂုတ်လ ၅ ရက်နေ့ Unpacked event ပွဲ မှာ မိတ်ဆက်မယ်လို့ သတင်းထွက်ထားတဲ့ Samsung Galaxy Z Flip 5G မော်ဒယ်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Galaxy Z Flip 5G ဟာ ထွက်ပြီးသား Galaxy Z Flip နဲ့ တူတဲ့အပိုင်းတွေ အတော်များများ ပါဝင်နေပြီး 5G support ပေးလာတာကပဲ ထူးခြားတဲ့ အချက်လို့ ဆိုရမှာပါ။ Galaxy Z Flip ရဲ့ ဒီဇိုင်းနဲ့ hardware အများစုကို ဆက်သုံးထားပြီး Mystic Bronze နဲ့ Mystic Grey ကာလာသစ် နှစ်မျိုးနဲ့ လာပါတယ်။ ဘေးဘောင်လက်ဗွေစနစ် နဲ့ 3300mAh ဘက်ထရီကိုပဲ သုံးထားပါတယ်။ 

Photo: The Verge

Ultra Thin Glass ခေါက်သိမ်းနိုင် မှန်သုံးထားပြီး ထက်ဝက်ချိုးခေါက်ထားနိုင်မှာပါ။ ဖုန်းရှေ့နောက် ကိုယ်ထည်ကို Gorilla Glass 6 အုပ်ထားပြီး ထက်ဝက်ချိုး ခေါက်ထားချိန်မှာ စားပွဲပေါ် hands-free ထားပြီး Video Call ခေါ်ခြင်း နဲ့ ရုပ်ရှင်ကြည့်ခြင်းတို့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ One UI 2.1 နဲ့ လာပြီး app ကို နှစ်မျိုး ခွဲသုံးနိုင်မယ့် Flex Mode လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။

5G ဗားရှင်းဟာ 4G LTE မော်ဒယ်ထက် ပတ္တာနေရာမှာ 0.1mm ပိုထူမှာပါ။ အတွင်းဘက်မှာ ၆.၇ လက်မ 2636x1080px Dynamic AMOLED screen ပါရှိပြီး အပြင် display ဟာ ၁.၁ လက်မ Super AMOLED သုံးထားပါတယ်။ အပြင်ဘက်မှာ 12MP +12MP ultrawide ကင်မရာနှစ်လုံးတွဲ သုံးထားပြီး အတွင်း selfie ကင်မရာဟာ autofocus ပါ 10MP ကင်မရာနဲ့ လာပါတယ်။

Galaxy Z Flip 5G ကို AT&T နဲ့ T-Mobile တို့ကနေ ဒေါ်လာ ၁၄၅၀ (မြန်မာငွေသိန်း ၂၀ ကျော်) ဈေးနဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ဖြန့်ချိသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က