တောင်ကိုရီးယားဈေးကွက်ထဲ ရောင်းချသွားမှာပါ

တောင်ကိုရီးယားဈေးကွက်မှာ LG ရဲ့ နောက်ဆုံးပေါ် mid-range ဖုန်းတစ်လုံး ဝင်ရောက်လာပါတယ်။

LG Q51 ဟာ ဒီဇိုင်းပိုင်းနဲ့ specs ပိုင်း သိပ်ထူးထူးခြားခြား ပြောစရာ မရှိပေမယ့် တော်ရုံတန်ရုံ လွတ်ကျမှုတွေကို ခံနိုင်ရည်ရှိစေနိုင်တဲ့ စစ်တပ်အဆင့် MIL-STD-810G စံချိန်မီ ဖုန်းဖြစ်ပါတယ်။ ကျောဘက်မှာ fingerprint scanner နဲ့ DTS:X 3D Surround Sound ပါရှိပါတယ်။ cardless ငွေချေမှု လုပ်နိုင်မယ့် LG Pay ပါပြီး ဖုန်းကိုယ်ထည် ဘယ်ဘက်မှာ Google Assistant ခလုတ်လည်း ထည့်ထားပါတယ်။




Photo: pocketnow

မျက်နှာပြင် ၆.၅ လက်မ HD+ display နဲ့ လာပြီး waterdrop notch ဒီဇိုင်း သုံးထားပါတယ်။ ကျောဘက်မှာ အလျားလိုက် သုံးလုံးတွဲကင်မရာတွေ ဖြစ်တဲ့ 13MP main sensor ၊ 5MP ultrawide နဲ့ 2MP depth sensor တွေ သုံးထားပါတယ်။ waterdrop notch ထဲမှာ 13MP selfie ကင်မရာ ပါရှိပါတယ်။

MediaTek Helio P22 ဟာ RAM 3GB ၊ microSD slot ကနေ storage ထပ်တိုးနိုင်မယ့် 32GB နဲ့ လာပါတယ်။ Type C port ကနေ အားသွင်းနိုင်ပြီး ဘက်ထရီပါဝါကတော့ 4000 mAh ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်အနေနဲ့Android 10 ကို အခြေခံထားတဲ့ LG ရဲ့ UX 9 သုံးထားပါတယ်။ LG Q51 ဟာ Moonlight Titanium နဲ့ Frozen White ကာလာတွေနဲ့ ထွက်ထားပါတယ်။

တောင်ကိုရီးယားတယ်လီကွန်းသုံးခုဖြစ်တဲ့ SK Telecom ၊ KT နဲ့ LG Uplus တို့ကနေ ဝမ် ၃၁၇၀၀၀ (မြန်မာငွေ ၃ သိန်း ၇ သောင်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က