budget tablet တွေပါ

Honor ဟာ တရုတ်ဈေးကွက်အတွင်း Tablet 6 နဲ့ X6 တက်ဘလက်သစ်နှစ်မျိုးကို ဖြန့်ချိသွားပါတယ်။

Honor Tablet 6 ဟာ မျက်နှာပြင် ၁၀.၁ လက်မ FHD+ LCD panel ပါရှိပါတယ်။ ဒီဇိုင်းပိုင်းမှာ တက်ဘလက်နှစ်မျိုးစလုံးဟာ သိပ်ကွာခြားမှု မရှိဘဲ screen resolution နဲ့ Screen size ကွာခြားမှု ရှိပါတယ်။ Honor Tablet 6 ဟာ 14nm Kirin 710A SoC သုံးထားပြီး RAM 3GB ၊ 4GB နဲ့ storage 32GB/128GB တွေ နဲ့ ထွက်ထားပါတယ်။ 



Photo: GSMArena

microSD card ကနေ တစ်ဆင့် storage ထပ်မြှင့်နိုင်ပြီး အကြီးစား ဘက်ထရီပါဝါဖြစ်တဲ့ 5100mAh သုံးထားပါတယ်။ အားသွင်းတာကိုတော့ USB-C port ကနေ အားသွင်းနိုင်အောင်မှာ ဖြစ်ပါတယ်။ Honor Tablet 6 ဟာ ကျောဘက် 5MP ကင်မရာနဲ့ ရှေ့ဘက် 2MP selfie ကင်မရာတွေ သုံးထားပါတယ်။

Honor Tablet X6 ကတော့ screen size ပိုသေးပြီး ၉.၇ လက်မ 1200 x 800p LCD display နဲ့ ထွက်ထားပါတယ်။ Tablet 6 အတိုင်း Kirin 710 SoC နဲ့ RAM 3GB/32GB storage ပါရှိပါတယ်။ ဘက်ထရီပါဝါ ၊ Selfie နဲ့ back camera တွေဟာ အတူတူပဲ ဖြစ်ပါတယ်။ တက်ဘလက်နှစ်မျိုးစလုံးဟာ စတီရီယိုစပီကာတွေနဲ့ လာပြီး Honor Magic Pencil ပံ့ပိုးထားပါတယ်။


Photo: GSMArena

Android 10 OS ကို အခြေခံထားတဲ့ Magic UI 3.1 သုံးထားပြီး Huawei Education Center နဲ့ Children's Paradise apps တွေလည်း တစ်ခါတည်း ထည့်သွင်းထားပါတယ်။ Honor Tablet 6 နဲ့ Tablet X6 တို့ဟာ WiFi နဲ့ LTE မော်ဒယ်နှစ်မျိုးနဲ့ လာပါတယ်။ Honor Tablet 6 (WiFi) ဗားရှင်း RAM 3GB/32GB storage ကို ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။

RAM 4GB/128GB storage LTE ‌မော်ဒယ်ကို ၁၈၉၉ ယွမ် (မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) ဈေး သတ်မှတ်ထားပါတယ်။ Tablet X6 ဟာ RAM 3GB/32GB storage တစ်မျိုးတည်း ထွက်ထားပြီး WiFi ဗားရှင်းကို ၁၀၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၁ သောင်းခွဲခန့်) နဲ့ LTE ဗားရှင်းကို ၁၁၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၃ သောင်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က