Keypad တွေ ကြိုက်သလား
Nyein Min Wai

အမေရိကန် ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Supreme ဟာ အခုဆို 3G ဟန်းဆက်တစ်လုံးကို ထုုတ်လိုက်ပြီ ဖြစ်ပါတယ်။

ကျောဘက်မှာ Supreme တံဆိပ် ထင်းနေအောင် ထုတ်ထားတဲ့ ဒီဖုန်းကို Burner ဖုန်းလို့ခေါ်ပြီး မိုင်ယာမီအခြေစိုက် တန်ဖိုးနည်း မိုဘိုင်းဖုန်းများ ထုတ်လုပ်တဲ့ Blu ကနေ ထုတ်လုပ်ပေးထားတာပါ။ ဒီဖုန်းဟာ အရင် Blu ကနေ ထုတ်ခဲ့တဲ့ Zoey 2.4 ကို ပြန်ပြီး brand ပြောင်းထားတယ်လို့ဆိုနိုင်ပါတယ်။

Photo: World Pro News

Supreme/Blue Burner Phone ဟာ screen size ၂.၄ လက်မရှိပြီး 128MB storage အပြင်16GB ရှိတဲ့ memory card တစ်ခု ပါပါတယ်။ ဒီဇိုင်းကတော့ ခေတ်ဟောင်း ကီးပတ်တွေရဲ့ စတိုင်နဲ့လာပြီး build-in ကင်မရာနဲ့dual SIM သုံး ဆဲလ်ဖုန်းအဖြစ် ကြေညာထားပါတယ်။

ထူးခြားတာက ဖုန်းကိုယ်ထည်အပြည့်နီးပါး Supreme Logo တပ်ထားတဲ့အပြင် screen ထဲမှာလည်း Logo ကို ထပ်သုံးထားတာပါ။ ကီးပတ်ဖြစ်တဲ့အတိုင်း physical buttons တွေ သုံးပြီး စာရိုက်ရမှာ ဖြစ်ပါတယ်။


Photo: supremenewyork

ဆဲလ်ဖုန်းတွေရဲ့ အားသာချက်ကတော့ ဖုန်းတိုင်းလိုလို ဘက်ထရီအားခံတာပါပဲ။ Blu Burner Phone ဟာလည်း တစ်ခါအားသွင်းထားတာနဲ့တစ်ပတ်လုံး သုံးနိုင်မယ့် ဖုန်းဖြစ်လို့ဖုန်းပြောရုံုနဲ့ဆက်သွယ်ရုံအတွက်ပဲ သုံးတဲ့ သူတွေအတွက် နှစ်ခါပြန် စဉ်းစားစရာမလိုတဲ့ ဖုန်းလို့ဆိုရမှာပါ။

Supreme Blu BurnerPhone ကို နယူးယော့ခ် ၊ LA ၊ လန်ဒန်နဲ့ပါရီက စတိုးတွေမှာ လာမယ့် သြဂုတ်လ ၂၂ ရက်နေ့က စတင် ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်း မသိရသေးပါဘူး။




က္က