မြန်မာငွေ ၆ သိန်းဈေးနဲ့ ထွက်လာမှာပါ

OPPO Reno စီးရီးနဲ့ အသစ်ထွက်လာတဲ့ Reno 3 Pro ဟာ 44MP dual punch-hole ဆယ်လ်ဖီကင်မရာကို ပထမဆုံး သုံးလာတဲ့ စမတ်ဖုန်းလို့ ဆိုနိုင်ပါတယ်။


OPPO ဟာ Reno 3 Pro ဖုန်းသစ်ကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်မှာ မိတ်ဆက်သွားတဲ့ Reno 3 Pro နဲ့ မတူတာက 4G ဗားရှင်းအဖြစ် ထွက်လာတာ ဖြစ်ပြီး Processor ကိုလည်း မကြာသေးခင်က မိတ်ဆက်ထားတဲ့ MediaTek Helio P95 chipset သစ်ကို သုံးလာတာပါ။



Photo: TechCodex


Upper mid-ranger မော်ဒယ်အနေနဲ့ ထွက်လာတဲ့ Reno 3 Pro ဟာ မျက်နှာပြင် ၆.၅ လက်မ Super AMOLED display သုံးထားပြီး 20:9 aspect ratio နဲ့ တည်ဆောက်ထားပါတယ်။ Full HD+ resolution နဲ့ လာပြီး under-display fingerprint scanner စနစ်လည်း ပါရှိပါတယ်။

display ရှေ့ဘက်မှာ punch-hole ပုံစံ ဖွဲ့စည်းထားပြီး selfie ကင်မရာ နှစ်လုံး ပါရှိပါတယ်။ Reno 3 Pro ဟာ ကမ္ဘာပေါ်မှာ Selfie ကင်မရာတွေထဲမှာ ပထမဆုံး 44MP သုံးတဲ့ ဖုန်းတစ်လုံးအဖြစ် ညွှန်းထားပြီး ဒီ main sensor နဲ့အတူ 2MP depth sensor ပါရှိပါတယ်။

ကျောဘက်မှာ 64MP main sensor ၊ 13MP telephoto ၊ 8MP ultrawide နဲ့ 2MP Monochrome ဆိုပြီး ထောင်လိုက် ၄ လုံးတွဲကင်မရာစနစ် သုံးထားပါတယ်။ Tele ဆွဲရိုက်မယ်ဆိုရင် Reno 3 Pro ဟာ 5x Hybrid Zoom နဲ့ 20x digital zoom ဆွဲနိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။


Photo: GSMArena

ဘက်ထရီပါဝါ 4025mAh ရှိပြီး VOOC Flash Charge 4.0 စနစ်နဲ့ 30W charging ပံ့ပိုးပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 10 ကို အခြေခံထားတဲ့ ColorOS 7 စနစ်နဲ့ လာပါတယ်။ အရောင်အနေနဲ့ Auroral Blue ၊ Midnight Black နဲ့ Sky White ကာလာ ၃ ရောင်နဲ့ ထွက်ထားပြီး RAM 8GB/128GB ဗားရှင်း နဲ့ RAM 8GB/256GB storage ဗားရှင်းဆိုပြီး မော်ဒယ်နှစ်မျိုးနဲ့ ဝယ်နိုင်မှာပါ။

အနိမ့်ဗားရှင်းကို ရူပီး ၂၉၉၉၀ ( မြန်မာငွေ ၅ သိန်း ၉ သောင်းခန့်) နဲ့ 256GB ဗားရှင်းကို ရူပီး ၃၂၉၉၀ (မြန်မာငွေ ၆ သိန်းခွဲနီးပါးခန့်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က