mid-ranger ဖုန်းသစ်တွေပါ
Nyein Min Wai

စမတ်ဖုန်းလောကထဲ ဝင်ရောက်လာတဲ့ တရုတ်အီလက်ထရွန်းနစ်ကုမ္ပဏီ TCL ဟာ ရုရှားဈေးကွက်မှာ TCL 10 Plus နဲ့ 10 SE တို့ကို ကြေညာလိုက်ပါတယ်။

TCL ဟာ ဒီနှစ် CES ပွဲမှာကတည်းက TCL 10 စီးရီး စမတ်ဖုန်းသစ် ၃ မျိုးကို ပထမဆုံး မိတ်ဆက်ပြသခဲ့ပြီး ဧပြီလက စတင်လို့ ဈေးကွက်မှာ ဖြန့်ချိလာခဲ့တာပါ။ ဇူလိုင်လထဲမှာတော့ TCL 10 Plus နဲ့ TCL 10 SE ဖုန်းသစ်နှစ်မျိုးကို ရုရှားဈေးကွက်ထဲမှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။ TCL 10 Plus နဲ့ TCL 10 SE တို့ဟာ waterdrop notch သုံးထားပြီး SE မော်ဒယ်က flat display အမျိုးအစားနဲ့ လာတာပါ။

Photo: Gizmochina


curved AMOLED display အမျိုးအစား သုံးထားတဲ့ TCL 10 Plus ဟာ မျက်နှာပြင် ၆.၄၇ လက်မ ရှိပြီး HDR10+ နဲ့ TCL ရဲ့ NXTVIsion visual နည်းပညာ ပံ့ပိုးထားပါတယ်။ fingerprint scanner ကိုလည်း under-display အမျိုးအစား သုံးထားပါတယ်။ Snapdragon 665 SoC ၊ RAM 8GB နဲ့ 128GB storage အထိ ထည့်သွင်းထားပြီး microSD card ကနေ storage ထပ်တိုးနိုင်မှာပါ။

waterdrop notch ထဲမှာ 16MP ဆယ်လ်ဖီကင်မရာ ပါရှိပြီး ကျောဘက်မှာ အလျားလိုက် လေးလုံးတွဲကင်မရာစနစ် သုံးထားပါတယ်။ Quad Camera setup အဖြစ် 48MP primary sensor ၊ 8MP ultrawide ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး ပါရှိပါတယ်။ 4500 mAh ဘက်ထရီဟာ Quick Charge 3.0 သုံးထားပြီး NFC စနစ်နဲ့ headphone jack ပါရှိပါတယ်။

Photo: Gizmochina


TCL 10 SE ကတော့ ပိုပြီး ဘက်ဂျက်ကျတဲ့ ဗားရှင်းလို့ ဆိုနိုင်ပါတယ်။ ၆.၅၂ လက်မဟာ HD LCD Panel ဖြစ်ပြီး 4000 mAh ဘက်ထရီ ၊ NFC နဲ့ headphone jack တို့ ပါဝင်ပါတယ်။ MediaTek Helio P22 ၊ RAM 4GB/128GB storage သုံးထားပြီး fingerprint scanner ကို ကျောဘက်မှာပဲ ထည့်သွင်းထားပါတယ်။ 

notch ထဲမှာ 8MP Selfie ကင်မရာ ၊ ကျောဘက်မှာ 48MP main sensor + 5MP ultrawide နဲ့ 2MP depth sensor ဆိုပြီး ပါရှိပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ Android 10 စနစ် သုံးထားပြီး ဈေးနှုန်းကြေညာခြင်း မရှိသေးပါဘူး။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က