တန်ဖိုးနည်း Tecno စီးရီးပါ
Nyein Min Wai

တန်ဖိုးသင့် စမတ်ဖုန်း Brand တစ်ခုဖြစ်တဲ့ Tecno ဟာ Camon 16 ၊ 16 Pro နဲ့ 16 Premier ဖုန်းသစ်သုံးမျိုးကို မိတ်ဆက်လိုက်ပါတယ်။

Tecno Camon 16 စီးရီး ဖုန်းသုံးမျိုးစလုံးဟာ ကျောဘက်မှာ ကင်မရာ ၄ လုံးနဲ့ ရှေ့ဘက် ကင်မရာ ၂ လုံး စုစုပေါင်း ကင်မရာ ၆ လုံး နဲ့ လာတာ ဖြစ်ပါတယ်။ Tecno Camon 16 Premier ဟာ ကင်ညာဈေးကွက်မှာ ရောင်းချထားပြီး ကျန်တဲ့ Tecno Camon 16 Pro နဲ့ Tecno Camon 16 တို့ကို ဒီလကုန်ပိုင်းမှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။

Photo: androidkenya

Tecno Camon 16 Premier ဟာ ၆.၉ လက်မ FHD+ Screen နဲ့ လာပြီး 90Hz refresh rate ပါရှိပါတယ်။ ရှေ့ဘက်မှာ ဆေးတောင့်ပုံစံ dual punch-hole ကင်မရာနဲ့ လာပြီး ဆယ်လ်ဖီကင်မရာ နှစ်လုံးသုံးသွားပါတယ်။ LCD display အမျိုးအစားဖြစ်ပြီး fingerprint scanner ကို ဖုန်းဘေးဘောင်မှာ ထည့်ထားပါတယ်။

Premier မော်ဒယ်ဟာ Helio G90T chipset နဲ့ လာပြီး 4500mAh ဘက်ထရီပါရှိပါတယ်။ ဘက်ထရီအားသွင်းမှုအနေနဲ့ 33W fast charging ပံ့ပိုးထားလို့ အမြန်အားသွင်းနိုင်မှာပါ။ ဒီဖုန်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က ထွက်ခဲ့တဲ့ Infinix Zero 8 နဲ့ တူညီတဲ့ specs တွေ ပါရှိပါတယ်။ Infinix နဲ့ Tecno တို့ဟာ ရှင်းကျန့်အခြေစိုက် Transsion Holdings လက်အောက်ခံ ဖုန်းကုမ္ပဏီတွေ ဖြစ်ပါတယ်။

Photo: tech-ish


Tecno Camon 16 Premier ဟာ dual selfie ကင်မရာ ဖြစ်တဲ့ 48MP နဲ့ 8MP ultrawide ကင်မရာနှစ်လုံးနဲ့ လာပါတယ်။ ကျောဘက်အလယ် စတုရန်းကင်မရာကွက်ထဲမှာ 64MP Sony IMX686 sensor ၊ 8MP ultrawide lens ၊ 2MP နဲ့ 2MP portraits ကင်မရာ ဆိုပြီး ကင်မရာ ၄ လုံး ပါရှိပါတယ်။ 

RAM 8GB/128GB storage ဗားရှင်း Camon 16 Premier ကို ကင်ညာသျှီလင် ၂၈၉၉၉ (မြန်မာငွေ ၃ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က