loading...

loading...

loading...

mid-ranger တွေအကြားက Specs war လား
Nyein Min Wai

တန်ဖိုးသင့် ဖုန်း TECNO SPARK 3 Pro ဟာ မကြာသေးခင်ကပဲ ပြည်တွင်းဈေးကွက်ထဲ ရောက်လာခဲ့ပါတယ်။ ဒီဖုန်းဟာ မြန်မာငွေ ၃ သိန်းနီးပါး ရှိတဲ့ Vivo Y91 နဲ့ယှဉ်ကြည့်ရင် ဘာတွေ ကွာခြားချက် ရှိသလဲဆိုတာ ဒီဆောင်းပါးမှာ သုံးသပ်ပြသွားမှာပါ။

(၁)    ဒီဇိုင်း ၊ Display

TECNO SPARK 3 Pro (Photo: Duwun Tech )

         ဖုန်းတစ်လုံးရဲ့ အဓိပ္ပါယ်ဟာ ဒီဘက်ခေတ်မှာ Smart Functions တွေ သုံးလို့ရရုံတင်မဟုတ်တော့ဘဲ Fashion ကလည်း စကားပြောလာပြီ ဖြစ်ပါတယ်။ TECNO SPARK 3 Pro ရော Vivo Y91 ပါ notch display နဲ့လာပြီး ကျောဘက်မှာ ထောင်လိုက် ညာဘေးကပ် dual lens တွေ သုံးထားတာပါ။ body ဖွဲ့စည်းမှုမှာ TECNO SPARK 3 Pro ဟာ ပိုပြီး ကိုင်လို့ သက်တောင့်သက်သာ ဖြစ်ပြီး လက်ကနေ ချော်နေတာမျိုး မရှိတဲ့ အားသာချက်ရှိပါတယ်။

         notch display သုံးတာချင်းအတူတူ Vivo Y91 က waterdrop notch သုံးထားလို့screen နေရာယူမှု ပိုကျယ်တယ်လို့မြင်ရပါတယ်။ TECNO SPARK 3 Pro မှာ သုံးတဲ့ notch က iPhone X မှာ မိတ်ဆက်ခဲ့တဲ့ ခပ်ကြီးကြီး notch ဒီဇိုင်းမျိုး ဖြစ်ပြီး bezel ပါးတာချင်းမှာတော့ Vivo V91 နဲ TECNO SPARK 3 Pro တို့မှာ ကွာခြားတာ မရှိပါဘူး။ 

Vivo Y91 (Photo: Mobiles Jin)

         နောက်ထပ်တူတာက မျက်နှာပြင်အရွယ်အစားပါ။ ၆.၂ လက်မ ဆိုဒ်ချင်းတူသလို resolution မှာလည်း 720 x 1500 pixel နဲ့720 x1520 pixel ဆိုတော့ ထူးထူးခြားခြား ကွာမသွားပါဘူး။ ဒီရုပ်ထွက်နဲ့ဆိုရင် Facebook လို social media သုံးတာ ၊ အင်တာနက်ပေါ်မှာ browsing လုပ်တာနဲ့ဇာတ်ကားကြည့်တာတွေမှာ စိတ်ကျေနပ်စရာ အတွေ့အကြုံပေးနိုင်ပါတယ်။

         display မှာ FullHD 1080p ရုပ်ထွက်ကို ကျွန်တော်တို့မျှော်လင့်ထားပေမယ့် တန်ဖိုးသင့်ဖုန်းမော်ဒယ်တွေအမြင်နဲ့ကြည့်မယ်ဆိုရင် ဒီ display စွမ်းဆောင်ရည်ဟာ လက်ခံလို့ရပါတယ်။

(၂) Camera


Vivo Y91 (Photo: ten9tech.blogspot.com)

         TECNO SPARK 3 Pro ရော Vivo Y91 ပါ ကျောဘက် dual lens တွေနဲ့လာတာပါ။ စိတ်ဝင်စားစရာ ကောင်းတာက ဖုန်းနှစ်မျိုးစလုံးဟာ သုံးထားတဲ့ ကင်မရာ MP ချင်းတူနေတာပါ။ ကျောဘက်မှာကတော့ အလင်းရောင်ကို ၄ဆ ထောက်ပံ့ပေးနိုင်သော 13 MP LED flash နဲ့အတူ အလင်းဝင်ပေါက် f/2.8 ထိထောက်ပံ့ပေးနိုင်တဲ့  2MP ကင်မရာ နှင့် အလင်းရောင်ကို လိုသလို ချိန်ညှိနိုင်သော 8MP selfie ကင်မရာကို ဒီဖုန်းတွေမှာ သုံးထားတာ တွေ့ရပြီး သုံးထားတဲ့ ကင်မရာတွေကလည်း AI Cameras တွေ ဖြစ်ပါတယ်။

TECNO SPARK 3 Pro ( Photo: Duwun Tech)

         ကင်မရာပိုင်းမှာ ဖုန်းနှစ်မျိုးစလုံးရဲ့ performance ဟာ သိပ်မကွာဘူးလို့ထင်ရပေမယ့် low light ရိုက်ချက်နဲ့bokeh modeမှာ TECNO SPARK 3 Pro ကို ပိုပြီး အကြိုက်တွေ့မိပါတယ်။ ဒါပေမယ့်လည်း noise ပါတာ တွေ့ရပြီး Vivo Y91 မှာလည်း ပုံတွေကို အသေးစိတ် capture လုပ်ရင် တစ်ခါတစ်လေ ပျက်သွားတာ တွေ့ရပါတယ်။ ဖုန်းနှစ်လုံးစလုံးဟာ ကျောဘက်မှာ fingerprint scanner သုံးထားသလို ရှေ့ကင်မရာကနေလည်း Face Unlock ဖွင့်နိုင်မှာပါ။ ကင်မရာအနေနဲ TECNO SPARK 3 Pro ကို အမှတ်ပိုပေးရပါလိမ့်မယ်။

(၃) Battery

TECNO Spark 3 Pro (Photo: TECNO)

         TECNO SPARK 3 Pro မှာ သုံးထားတဲ့ 3500 mAh ဘက်ထရီဟာ နည်းတယ်လို့ပြောလို့မရပါဘူး။ ပြောရရင် HD display ၆.၂ လက်မအရွယ်ဖုန်းတစ်လုံးအတွက်ဆို လုံလောက်တာထက် ပိုတယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒါပေမယ့် Vivo Y91 ကတော့ 4030mAh အကြီးစား ဘက်ထရီနဲ့လာတာပါ။ ဖုန်းနှစ်လုံးစလုံးဟာ microUSB Cable နဲ့အားသွင်းရလို့ဖုန်းအားသွင်းရ ကြာပါတယ်။ အားခံတဲ့နေရာမှာ Vivo Y91 က နည်းနည်းပိုသာပါတယ်။

(၄) Performance

Photo: revu.com.ph

         CPU clock speed ကြည့်မယ်ဆိုရင် Vivo Y91 က ပိုပါတယ်။ Vivo Y91 ဟာ 2.0GHz Octa-core Qualcomm Snapdragon 439 SoC ကို RAM 3GB/32GB storage နဲ့လာတာပါ။ TECNO SPARK 3 Pro မှာ Quad-core MediaTek MT6761 processor သုံးထားပြီး RAM ကလည်း 2GB ပဲ သုံးထားတာပါ။ ဒါပေမယ့် တော်ရုံဂိမ်းအတွက်တော့ Game Boost စနစ်ပါလာလို့သာသာယာယာ ကစားနိုင်မှာပါ။

         ကောင်းတဲ့အပိုင်းကတော့ dual SIM+SD card ဖြစ်လို့storage ကို အကြိုက်တင်နိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ TECNO SPARK 3 Pro က ပိုပြီး update ဖြစ်တဲ့ Android 9 Pie ကို အခြေခံထားတဲ့ HiOS 4.6 စနစ်နဲ့လာပါတယ်။ Android 9 Pie သစ်ကြောင့် ဘက်ထရီ နဲ့အလင်းအမှောင်တောက်ပမှုကို ချိန်ပေးနိုင်တဲ့ Adaptive feature တွေ ၊ ဘယ်လို app သုံးမလဲဆိုတာကို ခန့်မှန်းပေးမယ့် App Actionsတို့လည်း ပါလာပါတယ်။ Vivo Y91 ကတော့ Vivo FunTouch OS 4.5 ပါဝင်တဲ့ Android 8.1 Oreo ကို သုံးထားလို့software update ထပ်တင်ရမှာပါ။

Photo: Reviews Tabloid

(၅) Price

         ဈေးနှုန်းက TECNO SPARK 3 Pro ရဲ့ အသက်ဖြစ်ပါတယ်။ Vivo Y91 ကို Local ဈေးကွက်မှာ ၂၈၉၀၀၀ ကျပ်ဈေးနဲ့ရောင်းနေချိန်မှာ TECNO SPARK 3 Pro ကတော့ ၁၇၉၀၀၀ ကျပ် ဈေးနဲ့ရောင်းချထားလို့price အရပဲ ကြည့်မယ်ဆိုရင်တောင် ၁ သိန်း ၁ သောင်း ကွာနေတာ တွေ့ရပါတယ်။ ကျန်တဲ့ features ချင်း ၊ ဒီဇိုင်းနဲ့performance ချင်းမှာ မတိမ်းမယိမ်းဆိုရင်တော့ မြန်မာငွေ ၁၇၉၀၀၀ ကျပ်ဆိုတာ တကယ့် ဘက်ဂျက်ပါ။ TECNO SPARK 3 Pro ဟာ ဈေးနှုန်းမှာ သူနဲ့ လယ်ဗယ်တူ ဖုန်းတွေကို အလဲထိုးနိုင်တယ်လို့တောင် ပြောနိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


loading...

က္က