လက်ပ်တော့လိုလည်း သုံးနိုင်မှာပါ
Nyein Min Wai

၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့ dual screen နှစ်ခုပါပြီး ကမ္ဘာ့အပါးလွှာဆုံး LCD သုံးထားတဲ့ တက်ဘလက်သစ်တစ်မျိုးကို Microsoft က မိတ်ဆက်သွားပါတယ်။

နယူးယော့ခ်မှာ ကျင်းပသွားတဲ့ Microsoft ရဲ့ နှစ်ပတ်လည် Surface event မှာ ၉ လက်မ dual display ပါ Surface Neo တက်ဘလက်ကို မိတ်ဆက်သွားခဲ့တာပါ။ pen support ပေးလာပြီး ဘေးဘောင် bezel ထူထဲတဲ့ ဒီဇိုင်း သုံးထားပါတယ်။



၁.၄ ပေါင်လေးပြီး ၅.၆ မီလီမီတာ ထူတဲ့ Surface Neo ဟာ အပါးလွှာဆုံး LCD သုံးထားတယ်လို့ကြေညာခဲ့ပြီး display နှစ်ခု ဆက်ထားတဲ့ hinges အကြားမှာ လူ့ဆံပင်ထက် သေးငယ်တဲ့ microcoaxial cable ကြိုး ၆၀ ကျော် သုံးထားတယ်လို့ကုမ္ပဏီရဲ့ ထုတ်ကုန်အရာရှိချုပ် ပါနို့စ်ပန်နေက ဆိုပါတယ်။

ဖြန့်ထားချိန်မှာ ၁၃.၁ လက်မအရွယ်ရှိတဲ့ Surface Neo ဟာ Windows 10 X ဗားရှင်းသစ်နဲ့လာမှာပါ။ Windows 10 X ဟာ dual-screen ထုတ်ကုန်တွေအတွက် အကောင်းဆုံး ဒီဇိုင်းထုတ်ထားတဲ့ OS ဗားရှင်းသစ်လည်း ဖြစ်သလို သုံးမယ့် processor ကလည်း screens နှစ်ခုလုံးကို ထိန်းချုပ်ပေးမယ့် 11th Gen graphics engine ပါဝင်တဲ့ Intel Lakefield processor ပါလာမှာ ဖြစ်ပါတယ်။

Surface Neo ကို လက်ပတော့ငယ်တစ်ခုလို သုံးမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ Microsoft ဟာ Surface Neo နဲ့အတူ သံလိုက်နည်းနဲ့ချိတ်ဆက်နိုင်မယ့် ကီးဘုတ်တစ်ခု မိတ်ဆက်ပေးထားပါတယ်။ ဒီကီးဘုတ်ဟာ အောက်ဘက် screen ပေါ်မှာ လိုသလို ရွှေ့နိုင်ပြီး ကီးဘုတ်ကို screen space အောက်ဘက် ထားချိန်မှာ ဆော့ဖ်ဝဲလ်ကနေ အပေါ်ဘက်မှာ အရန် screen တစ်ခု ထုတ်ပေးပါတယ်။

Photo: venturebeat

နောက်ဆုံးပေါ် Apple MacBook Pro တွေမှာ ပါတဲ့ Touch bar နဲ့ဆင်တဲ့ ဒီ secondard screen ကို Microsoft ကတော့ wonderbar လို့နာမည်ပေးထားပါတယ်။ ကီးဘုတ်ကို အပေါ်ဘက် ရွှေ့မယ်ဆိုရင် virtual touch pad တစ်ခု အဖြစ် သုံးနိုင်မှာပါ။

Microsoft Surface Duo လိုပဲ Surface Neo ကလည်း ဒီနှစ်ထဲ ဈေးကွက်ဝင်ဦးမှာ မဟုတ်ဘဲ လာမယ့် ၂၀၂၀ ရောက်မှ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။


က္က