ဇူလိုင်လထဲ ရောင်းချသွားမှာပါ
Nyein Min Wai

Vivo X50 series ဟာ စမတ်ဖုန်းကင်မရာပိုင်း ဆန်းသစ်မှုတွေ အပြည့်နဲ့ ပရီမီယံဖုန်းအဖြစ် ထွက်လာပြီ ဖြစ်ပါတယ်။

Vivo ကနေ အသစ်မိတ်ဆက်လိုက်တဲ့ ဖုန်းသစ်တွေဟာ Vivo X50 ၊ Vivo X50 Pro နဲ့ Vivo X50 Pro+ တို့ ဖြစ်ပြီး ရိုးရိုးမော်ဒယ် Vivo X50 ဟာ အပါးလွှာဆုံး 5G ဖုန်းလို့ ဆိုနိုင်ပါတယ်။ Vivo X50 Pro နဲ့ Pro+ တို့ဟာ ဓါတ်ပုံအရည်အသွေး ထူးခြားမှုအတွက် အထူးပြုထားတဲ့ ဖုန်းတွေပါ။ Key Feature တစ်ခုဟာ Primary ကင်မရာမှာ ပါတဲ့ အမိုက်စား Stabilization စနစ်ပဲ ဖြစ်ပါတယ်။

Photo: The Verge


အမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ Vivo X50 Pro+ ဟာ Samsung ရဲ့ အသစ်ထွက် 50MP 1/1.3 inch ISOCELL GN1 sensor ပထမဆုံး သုံးလာတဲ့ ဖုန်းပါ။ ကင်မရာရုပ်ငြိမ်စနစ်အကူလုပ်ပေးမယ့် Gimbal system ဟာ lens ရဲ့ ရွေ့လျားမှုကို ဖမ်းယူပုံဖော်နိုင်မယ့် on-screen radar သုံးထားပြီး ရိုက်ချက်တွေ ငြိမ်တဲ့အချိန်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Vivo X50 Pro နဲ့ X50 Pro+ တို့မှာ ပယ်ရီစကုပ်တယ်လီကင်မရာတွေ ပါရှိပါတယ်။ Vivo X50 Pro+ မှာ သုံးတဲ့ Samsung ရဲ့ ISOCELL Bright GN1 50MP sensor ဟာ 1.2 micron pixels ပါရှိပြီး 12.5MP 2.4 micron pixel ပုံနဲ့ ညီတဲ့ pixel-binning shots ရိုက်ချက်တွေ ရိုက်ကူးနိုင်မှာပါ။ Vivo X50 Pro မှာလည်း micro-gimbal system ပါရှိပေမယ့် 48MP IMX598 sensor သုံးထားပါတယ်။

Vivo X50 Pro နဲ့ X50 Pro+ တို့ဟာ 60x Hyper Zoom စနစ်နဲ့ လာပြီး Pro+ မော်ဒယ်မှာ13MP periscope lens ၊ Pro မော်ဒယ်မှာ 8MP lens တွေ သုံးလာပါတယ်။ Pro+ မော်ဒယ်ဟာ 2x zoom 32MP lens နဲ့ 13MP ultra-wide ကင်မရာတွေ ပါရှိပါတယ်။ Vivo X50 Pro ကတော့ 13MP 2x zoom နဲ့ 8MP ultra-wide lens ဆိုပြီး သုံးထားပါတယ်။




ရိုးရိုးမော်ဒယ် Vivo X50 ဟာ 48MP OIS ကင်မရာ ၊ 13MP 2x zoom ၊ 8MP ultra-wide နဲ့ 5MP macro lens ဆိုပြီး လေးလုံးတွဲကင်မရာတွေနဲ့ ထွက်ထားပါတယ်။ Vivo ဟာ X50 series အားလုံးမှာ Super Night Mode သုံးထားပြီး Pixel 4 လိုမျိုး အာကာသဓါတ်ပုံရိုက်ကူးမှုစနစ်ဖြစ်တဲ့ Starry Mode ပါ ထည့်သွင်းထားပါတယ်။ ဖုန်း သုံးမျိုးစလုံးမှာ punch-hole screen သုံးထားပါတယ်။

မျက်နှာပြင်အရွယ်အစား ၆.၅၆ လက်မ FHD+ OLED screen နဲ့ လာပြီး Vivo X50 နဲ့ Vivo X50 Pro တို့မှာ 90Hz refresh rate ပါရှိပါတယ်။ Vivo X50 Pro+ ကတော့ လက်ရှိအမြင့်ဆုံး refresh rate ဖြစ်တဲ့ 120Hz screen နဲ့ ထွက်လာပါတယ်။ ဖုန်းသုံးမျိုးစလုံးဟာ 32MP punch-hole ဆယ်လ်ဖီကင်မရာ သုံးထားပါတယ်။ Android 10 ပေါ် အခြေခံထားတဲ့ FunTouch OS 10.5 သုံးထားပါတယ်။

Vivo X50 Pro+ ဟာ Snapdragon 865 chipset ၊ Vivo X50 နဲ့ X50 Pro တို့ဟာ Snapdragon 765G Processor နဲ့ လာပြီး ဖုန်းသုံးမျိုးစလုံးဟာ ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာ 5G ပါရှိပါတယ်။ ရိုးရိုးမော်ဒယ်ဟာ 4200mAh ဘက်ထရီ Pro နဲ့ Pro+ တို့ဟာ 4315mAh ဘက်ထရီနဲ့ 4350mAh ဘက်ထရီတို့ သုံးထားပါတယ်။ အားသွင်းစနစ်အနေနဲ့ standard နဲ့ Pro မော်ဒယ်တို့ဟာ 33W charging နဲ့ Vivo X50 Pro+ ဟာ 44W charging ပံ့ပိုးထားပါတယ်။


Photo: Engadget

Vivo X50 မော်ဒယ် အနိမ့်ဗားရှင်း (RAM 8GB/128GB storage) ဗားရှင်းဟာ ၃၄၉၈ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခွဲခန့်) နဲ့ အမြင့်ဗားရှင်း RAM 8GB/256GB storage ကို ၃၈၉၈ ယွမ် (မြန်မာငွေ ၇ သိန်း ၆ သောင်းကျော်) ဈေး ကျသင့်သွားမှာပါ။ Vivo X50 Pro မော်ဒယ် အနိမ့်ဗားရှင်းကို ၄၂၉၈ ယွမ် (မြန်မာငွေ ၈ သိန်း ၄ သောင်းကျော်) နဲ့ အမြင့်ဗားရှင်း ၄၆၉၈ ယွမ် (မြန်မာငွေ ၉ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

အမြင့်ဆုံးမော်ဒယ် Vivo X50 Pro+ ကို ၄၉၉၈ ယွမ်(မြန်မာငွေ ၉ သိန်း ၈ သောင်း) နဲ့ ၅၄၉၈ ယွမ် (မြန်မာငွေ ၁၀ သိန်း၇ သောင်းခွဲ) ‌များ သတ်မှတ်ထားပြီး RAM 12GB/256GB storage မော်ဒယ်ကိုတော့ ၅၉၉၈ ယွမ် (မြန်မာငွေ ၁၁ သိန်း ၇ သောင်းခွဲခန့်) ဈေးနဲ့ တရုတ်နိုင်ငံမှာ ရောင်းချသွားမှာပါ။ ဝယ်ယူနိုင်မယ့် အချိန်ကတော့ ဇူလိုင်လ ဖြစ်ပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က