Lenovo ပိုင် Motorola ဟာ အမေရိကန်ဈေးကွက်အတွက် စမတ်ဖုန်းသစ်နှစ်မျိုးကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Moto G Fast နဲ့ Moto E (2020) တို့ဟာ ကုမ္ပဏီရဲ့ entry-level ဖုန်းသစ်တွေ ဖြစ်ပြီး မဆိုးဘူးလို့ ပြောနိုင်တဲ့ Specs တွေ သုံးထားပါတယ်။ Moto G Fast ဟာ မျက်နှာပြင် ၆.၄ လက်မ Max Vision IPS LCD panel နဲ့လာပါတယ်။ 720p display အမျိုးအစားဖြစ်ပြီး punch-hole ဒီဇိုင်း သုံးထားတာ ဖြစ်ပါတယ်။ 19:9 aspect ratio နဲ့ လာတဲ့ ဒီဖုန်းဟာ Moto E (2020) အတိုင်း ကျောဘက် logo ထဲ Fingerprint scanner တပ်ဆင်ထားပါတယ်။



Photo: 9to5google

Moto G Fast ဟာ Qualcomm ရဲ့ Snapdragon 665 SoC ၊ RAM 3GB နဲ့ လာပြီး 32GB storage ပါရှိပါတယ်။ storage ကိုလည်း ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြီး USB-C port ကနေ 10W fast charging ပံ့ပိုးနိုင်ပါတယ်။ ကျောဘက်မှာ 16MP main sensor ၊ 8MP ultrawide နဲ့ 2MP macro unit ဆိုပြီး သုံးလုံးတွဲကင်မရာ သုံးထားပါတယ်။ 

8MP selfie ကင်မရာနဲ့အတူ 3.5mm headphone Jack နဲ့ IP52 rating ရေစို/ဖုန်တင်ဒဏ်ခံနိုင်ရည် ရှိပါတယ်။ Moto G Fast ကို အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၂၀၀ (မြန်မာငွေ ၃ သိန်းခန့်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။ Moto E (2020) ကတော့ ဈေးပိုသက်သာတဲ့ မော်ဒယ်ဖြစ်ပြီး 3550 mAh ဘက်ထရီကိုမှ microUSB port ကနေ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Snapdragon 632 chipset ၊ RAM 2GB/32GB storage ကိုမှ microSD card ထည့်နိုင်မှာပါ။ ကျောဘက်မှာ 13MP main sensor နဲ့ 2MP depth sensor ဆိုပြီး ကင်မရာ ၂ လုံးတွဲ သုံးထားပါတယ်။ stock ဗားရှင်းနီးနီး ကောင်းတဲ့ Android 10 နဲ့ လာပြီး အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၁၅၀ (မြန်မာငွေ ၂ သိန်းကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က