Ultra-Linear Dual Speakers နဲ့လာတဲ့ ပထမဆုံးဖုန်းပါ
Nyein Min Wai

Xiaomi ၊ Honor နဲ့OnePlus တွေရဲ့ အမြင့်ဖုန်းတွေရဲ့ challenger လို့ဆိုရမယ့် Realme X2 Pro ကတော့ ၂၀၁၉ ရဲ့ အမြင့်ဆုံး features တွေ သုံးပြီး မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

Realme X2 ရဲ့ higher version ဖြစ်တဲ့ Realme X2 Pro ဟာ စမတ်ဖုန်းလောကမှာ အမြင့်ဆုံးတန်းဝင် 90Hz display အမြင့်နဲ့ပွဲထုတ်လာတာပါ။ fluid Super AMOLED ၆.၅ လက်မနဲ့လာပြီး ကာလာ Rendering မှာ HDR10+ support ပေးထားပါတယ်။

ဒီ screen ရဲ့ နောက်ကွယ်မှာ မျိုးဆက်သစ် in-display fingerprint စနစ်သစ် ထည့်သွင်းပေးထားလို့ဖုန်းကို ဝ.၂၃ စက္ကန့်အတွင်း unlock လုပ်နိုင်မှာပါ။ ထွက်ခဲ့သမျှ Realme ဖုန်းတွေထဲမှာ အမြင့်ဆုံးနဲ့အသွက်လက်ဆုံးလို့ဆိုရမယ့် Snapdragon 855+ SoC နဲ့လာတာ ဖြစ်လို့အန်းဒရိုက်ဖုန်းတွေထဲမှာတောင် အမြန်ဆုံးဖုန်းတစ်လုံးလို့ပြောနိုင်ပါတယ်။


Photo: gsmarena

90fps နှုန်းနဲ့ဂိမ်းကစားမှုကို ပံ့ပိုးပေးနိုင်မယ့် Snapdargon 855+ ကို အပူဒဏ်သက်သာစေဖို့ဂရပ်ဖိုက်ပြားအုပ်ထားတဲ့ vapor chamber တစ်ခုနဲ့အအေးခံထားပါတယ်။ HyperBoost 2.0 စနစ်လည်း ပါလို့frame rates ပိုမို တည်ငြိမ်စေသလို touch reponsiveness ကို ၃၅% ပိုမို ကောင်းမွန်စေတဲ့ Touch Boost 2.0 စနစ်ကလည်း မိုဘိုင်း ဂိမ်မာတွေအတွက် အကြိုက်ဖြစ်မှာပါ။

RAM 6GB/64GB storage အပြင် RAM 8GB/128GB နဲ့RAM 12GB/256GB storage ဆိုပြီးလည်း ထွက်ထားပါတယ်။ ဘက်ထရီပါဝါ 4000 mAh နဲ့လာပြီး နောက်ဆုံးပေါ် 50W SuperVOOC fast charging စနစ် ပံ့ပိုးပေးထားတာဖြစ်လို့နာရီဝက်အတွင်း ဖုန်းအား ၈၀% သွင်းပေးနိုင်မှာပါ။

ကျောဘက်အလယ်မှာ ထောင်လိုက် ၄ လုံးတန်း ကင်မရာအဖြစ် Samsung GW1 sensor သုံး 64MP ကင်မရာ ၊ 2x Tele ရိုက်နိုင်မယ့် 13MP ကင်မရာ ၊ ၁၁၅ ဒီဂရီ ultra wide 8MP ကင်မရာနဲ့2MP depth sensor ပါရှိပါတယ်။ Night Mode 2.0 သစ် သုံးထားတာဖြစ်လို့noise တွေ လက်တုန်တာကြောင့် ပုံဝါးတာတွေ ဖြစ်မှာ မဟုတ်ပါဘူး။


Photo: mashable

ရှေ့မှာ သုံးထားတဲ့ 16MP selfie ကင်မရာလည်း Nightscape mode နဲ့ဗွီဒီယိုရိုက်ကူးချိန်မှာ EIS ရုပ်ငြိမ်စနစ် သုံးနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ အရှေ့နဲ့အနောက်မှာ အကြမ်းခံမှု မြင့်တဲ့ Gorilla Glass 5 အုပ်ထားပြီး ရှေ့မှန် အပြားနဲ့နောက်ဖက် အကွေးဒီဇိုင်းပုံချိုးထားပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ Realme X2 Pro ဟာ Ultra Linear dual speakers နဲ့လာတဲ့ ပထမဆုံး ဖုန်းလို့ဆိုပါတယ်။ အသံစနစ်အနေနဲ့Dolby Atmos နဲ့Hi-Res audio စနစ်တွေ ပံ့ပိုးထားပါတယ်။

Ocean Blue ၊ Midnight Silver အပြင် အနီနဲ့မီးခိုးရောင်တွေနဲ့လာတဲ့ Master Edition လည်း ထွက်ထားပါတယ်။ တရုတ်ဈေးကွက်မှာ အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ကို ၂၆၉၉ ယွမ် ( မြန်မာငွေ ၅ သိန်း ၈ သောင်းခန့်) ၊ RAM 8GB/128GB storage ကို ၂၈၉၉ ယွမ် ( မြန်မာငွေ ၆ သိန်း ၂ သောင်းခွဲ) နဲ့ အမြင့်ဆုံး RAM 12GB/256GB storage ကို ၃၂၉၉ ယွမ် ( မြန်မာငွေ ၇ သိန်းကျော်) ဈေးနဲ့ရောင်းချသွားမယ်လို့ကြေညာထားပါတယ်။


က္က