တန်ဖိုးသင့် TCL တက်ဘလက်သစ်တွေပါ

ဘာလင် IFA 2020 နည်းပညာပြပွဲမှာ TCL ဟာ NXTVISION display နည်းပညာသုံး တန်ဖိုးသင့် တက်ဘလက်နှစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ TCL ဟာ ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် TCL 10 စီးရီး ကိုယ်ပိုင်စမတ်ဖုန်း ၃ မျိုးကို ကြေညာခဲ့ပါတယ်။ ဒီတစ်ခါမှာ TCL ဟာ TCL 10 TABMAX နဲ့ TABMID တက်ဘလက်နှစ်မျိုးကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။ TCL 10 TABMAX ဟာ ပိုပြီးပရီမီယံကျတဲ့ ဖုန်းဖြစ်ပြီး ဘေးဘောင်ပါးပါး ၁၀.၃၆ လက်မ FHD+ LCD display သုံးထားပါတယ်။




Photo: Engadget

ဒီတက်ဘလက်မှာ 8MP selfie ကင်မရာ ၊ dual speakers တွေနဲ့ TCL Stylus တို့ ထည့်ထားပါတယ်။ ကျောဘက်မှာ LED Flash နဲ့အတူ 13MP primary lens တစ်ခု ပါရှိပါတယ်။ MediaTek MT8768T chipset ၊ RAM 4GB/64GB storage သုံးထားတဲ့ TCL 10 TABMAX ဟာ အကြီးစား 8000mAh ဘက်ထရီနဲ့လာပြီး USB Type C port ကနေ အားသွင်းနိုင်မှာပါ။

Android 10 ကို အခြေခံထားတဲ့ TCL UI နဲ့ လာပြီး 4G နဲ့ WiFi ဗားရှင်းနှစ်မျိုးနဲ့ ထွက်ထားပါတယ်။ ဈေးနှုန်းကတော့ ကိုယ်ရွေးတဲ့ ဗားရှင်းပေါ် လိုက်ပြီး ယူရို ၂၅၀ (မြန်မာငွေ ၄ သိန်းခန့်) နဲ့ ယူရို ၃၀၀ (မြန်မာငွေ ၄ သိန်း ၇ သောင်းခန့်) ဈေးတွေနဲ့ ဝယ်ယူနိုင်မှာပါ။

Photo: Engadget


TCL10 TABMID ကတော့ ၈ လက်မ FHD LCD display နဲ့ လာပြီး ဘောင်ခပ်ထူထူနဲ့ လာပါတယ်။ ရှေ့ဘက်မှာ 5MP ကင်မရာ ၊ ကျောဘက်မှာ 8MP ကင်မရာတွေ ပါရှိပြီး ပလတ်စတစ်ကိုယ်ထည် သုံးထားပါတယ်။ Snapdragon 665 SoC ၊ RAM 4GB ပါရှိပြီး 5550 mAh ဘက်ထရီနဲ့ ထွက်ထားပါတယ်။

စတုတ္တသုံးလပတ်မှာ ဈေးကွက်ထဲ ဝင်ဖို့ ရှိပြီး ဈေးနှုန်း ဒေါ်လာ ၂၇၀ (မြန်မာငွေ ၃ သိန်း ၆ သောင်းခန့်) ဈေးကနေ ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က