Galaxy A10 ကို အဆင့်မြှင့်ထားတာပါ
Nyein Min Wai

ဘက်ဂျက်ဖုန်းအနေနဲ့နှစ်ဆန်းပိုင်းက ထွက်ခဲ့တဲ့ Galaxy A10 ဟာ အခုချိန်မှာ အဆင့်မြှင့်တင်မှု တစ်ချို့လုပ်ပြီး Galaxy A10s အဖြစ် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။


Galaxy A10s လည်း ဘက်ဂျက်ဖုန်းအနေနဲ့ထွက်လာခဲ့တာ ဖြစ်ပြီး အရင် Galaxy A10 နဲ့မတူတာက ကျောဘက်မှာ dual rear camera နဲ့fingerprint scanner ပါလာပါတယ်။ Galaxy A10s ဟာ မျက်နှာပြင် ၆.၂ လက်မ HD+ screen နဲ့လာပြီး Galaxy A10 လိုပဲ ဗွီပုံစံ Infinity V screen သုံးထားပါတယ်။ display ရုပ်ထွက်အနေနဲ့1520 x 720p ဖြစ်လို့ခေတ်ပေါ် စမတ်ဖုန်း dispaly trend ဖြစ်တဲ့ 1080p နဲ့ရုပ်ထွက်ကွာမှာပါ။

Photo: noypigeeks

ဒီဇိုင်းပိုင်းအရ အပြောင်းအလဲမရှိပေမယ့် ကျောဘက်မှာ ထောင်လိုက် 13MP+2MP depth sensor ဆိုပြီး ကင်မရာနှစ်လုံးတွဲ ပါလာပါတယ်။ ရှေ့က notch ထဲမှာတော့ Face Unlock စနစ်ပါတဲ့ 8MP ကင်မရာ သုံးထားပြီး dual-SIM ပံ့ပိုးပေးထားပါတယ်။ နောက်တစ်ခုက ဘက်ထရီပါဝါမှာ Galaxy A10 ထက် 600mAh ဘက်ထရီပိုတဲ့ 4000mAh အကြီးစား ဘက်ထရီ သုံးလာပါတယ်။

Android 9 Pie ကို အခြေခံထားတဲ့ OneUI သုံးထားပြီး processor ကတော့ 2.0Ghz octa-core Helio P22 processor ဖြစ်ပါတယ်။ RAM 2GB/32GB storage ပါရှိပြီး microSD card ကနေ နောက်ထပ် storage ထပ်တိုးနိုင်မှာပါ။ entry-level ဖုန်းတွေထဲမှာတော့ ဒီ RAM/storage အတွဲအစပ်ဟာ သိပ်အထင်ကြီးစရာတော့ မရှိပါဘူး။ ဒီတော့ Galaxy A10s ရဲ့ အားသာချက်ကို ပြောပါဆိုရင် ကင်မရာ နဲ့ဘက်ထရီက အဓိက ဖြစ်မှာပါ။

အရောင်အနေနဲ့အနက် ၊ အပြာ ၊ အစိမ်းနဲ့အနီကာလာ ၄ ရောင်နဲ့ရောင်းချသွားမှာ ဖြစ်ပြီး ဈေးနှုန်းကတော့ မသိရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ


က္က