မြန်မာငွေ ၃ သိန်းခွဲဝန်းကျင်ဈေးနဲ့ ရောင်းချသွားမှာပါ

Motorola ရဲ့ Moto G စီးရီးကနေ အသစ်ထွက်လာတဲ့ Moto G8 ကလည်း ဈေးကွက်ဝင် တန်ဖိုးသင့်ဖုန်းတွေထဲမှာ စိတ်ဝင်စားစရာဖုန်းပါပဲ။


Moto G8 ဟာ ဘရာဇီး ၊ ဥရောပ ၊ လက်တင်အမေရိက ၊ အာရှ နဲ့ ဩစတြေးလျ ဈေးကွက်တွေထဲ ဝင်မယ့် ဖုန်းဖြစ်ပြီး Moto G စီးရီးတွေရဲ့ ထုံးစံတိုင်း Affordable ဖြစ်မယ့် ဈေးနဲ့ လာပါတယ်။ မျက်နှာပြင် အရွယ်အစား ၆.၄ လက်မရှိပြီး 720p+ resolution ကတော့ သိပ်မဟန်ဘူးလို့ ဆိုရမှာပါ။



Photo: 9to5google


ဒီဖုန်းအရင် ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းလောက်က ထွက်ခဲ့တဲ့ Moto G7 မှာ 1080p+ display သုံးသွားတာ ဖြစ်ပါတယ်။ display ကိုတော့ punch-hole ဒီဇိုင်းကို ပြောင်းသုံးလာပြီး ဒီ punch-hole ထဲမှာ 8MP ဆယ်လ်ဖီကင်မရာ ထည့်ထားပါတယ်။ ကင်မရာလုပ်ဆောင်ချက်ကိုလည်း Motorola ဟာ သုံးလုံးတွဲကင်မရာတွေအဖြစ် အဆင့်မြှင့်တင်လာပါတယ်။

ကျောဘက်မှာ Laser Autofocus နဲ့အတူ 16MP main sensor ၊ 2MP macro lens နဲ့ ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ultrawide lens တွေ သုံးလာပါတယ်။ Macro Vision ကင်မရာစနစ် ထည့်ထားလို့ သာမန် lens တွေ အနီးကပ် ရိုက်တာထက် ၅ ဆပိုပြီး နီးနီးကပ်ကပ် ရိုက်ကူးနိုင်မှာပါ။

chipset ကိုလည်း ပိုပြီး ကောင်းမွန်လာတဲ့ Snapdragon 665 chipset နဲ့ လာပြီး GPU မှာလည်း အရင်မော်ဒယ်တွေမှာ သုံးခဲ့တဲ့ 500-class တွေထက် နှစ်ဆနီးပါး ပိုမြန်တဲ့ Adreno 600-class GPU သုံးထားပါတယ်။ RAM 4GB/64GB storage ဗားရှင်းပဲ ဆက်ထွက်လာပြီး storage ကို 512GB အထိ တိုးနိုင်မှာပါ။

Photo: Tech Radar

ဘက်ထရီပါဝါဟာ အရင် Moto G8 Plus နဲ့ G8 Play မှာ သုံးခဲ့တဲ့ 3000 mAh ထက် ပိုကြီးတဲ့ 4000 mAh ဘက်ထရီ သုံးထားပြီး အားသွင်းစနစ်ကတော့ 10W ပဲ support ပေးထားပါတယ်။ ကျောဘက်မှာ ပါတဲ့ Motorola logo ဟာ fingerprint အနေနဲ့လည်း အသုံးပြုနိုင်မှာပါ။

Moto G8 ကို ဘရာဇီးမှာ ၁၁၄၃ ရီရယ်စ် (မြန်မာငွေ ၃ သိန်းခွဲနီးပါး) ဈေးနဲ့ ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က