Android Go ဖုန်းပါ

Android GO မော်ဒယ် entry-level ဖုန်းသစ်တစ်မျိုးကို Oukitel က ကြေညာလိုက်ပါတယ်။

Rugged Smartphone တွေနဲ့ နာမည်ကြီးတဲ့ Oukitel ဟာ တန်ဖိုးနည်း Android GO ဖုန်းမော်ဒယ်သစ်ဖြစ်တဲ့ Oukitel C19 ကို မိတ်ဆက်လိုက်တာပါ။ entry-level ဖုန်းဆိုပေမယ့် Oukitel C19 မှာ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ features တွေ ပါရှိနေပါတယ်။ ဈေးကတော့ မူရင်း ဒေါ်လာ၈၀ ဈေးကနေ ဒေါ်လာ ၆၀ (မြန်မာငွေ ၈ သောင်းကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။



Photo: gizmochina


Android GO ဟာ RAM/storage အနိမ့်ဖုန်းတွေအတွက် လိုင်းဆွဲအားကောင်းပြီး သိုလှောင်မှု သိပ်မယူဖို့ အထူးထုတ်ထားတာ ဖြစ်ပါတယ်။ Google က ထုတ်တဲ့ app တိုင်းကို Google GO ၊ Gmail GO ၊ YouTube GO စသည်ဖြင့် GO ဗားရှင်းနဲ့ ဒေတာ သိပ်မစားဘဲ သွက်သွက်လက်လက် သုံးနိုင်အောင် တည်ဆောက်ထားတာပါ။

Oukitel C19 ဟာ Modern Smartphone တွေရဲ့ ဒီဇိုင်းမျိုးကို သုံးသွားပါတယ်။ ရှေ့ဘက်မှာ waterdrop notch ပါပြီး ကျောဘက်မှာ စက်ဝိုင်းပုံ ကင်မရာ setup နဲ့ လာပါတယ်။ သုံးထားတဲ့ ကာလာကအစ ဆွဲဆောင်အားကောင်းပြီး သပ်ရပ်ကျစ်လျစ်တဲ့ ဒီဇိုင်းကို ဒီဖုန်းမှာ မြင်ရမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကိုလည်း ၆.၄၉ လက်မ HD+ display သုံးထားပါတယ်။

ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြီး 720p display သုံး ဖုန်းတစ်လုံးအတွက် စိတ်ချရတဲ့ ဘက်ထရီပါဝါလို့ ဆိုနိုင်ပါတယ်။ Type C port ကနေ တစ်ဆင့် အားသွင်းနိုင်ပြီး 3.5mm headphone jack လည်း ထည့်ပေးထားပါတယ်။ notch ထဲမှာ 5MP selfie ကင်မရာ ပါလာပြီး dual SIM သုံးနိုင်မှာပါ။ 

Photo: Oukitel

entry-level ဖုန်းတစ်လုံးအတွက် ချီးကျူးစရာက ကျောဘက်စက်ဝိုင်းပုံ ကင်မရာကွက်ထဲမှာ Triple Lens ကင်မရာစနစ် သုံးသွားတာ ဖြစ်ပါတယ်။ Oukitel C19 ဟာ Flash Light နဲ့အတူ Sony IMX214 13MP + 2MP + 2MP ကင်မရာသုံးလုံး သုံးထားပြီး ပတ်ပတ်လည်မြင်ကွင်းကို ပုံရိပ်ဖမ်းယူမှုအတွက် built-in AI Recognition နည်းပညာလည်း ထည့်ပေးထားပါတယ်။

Oukitel C19 ဟာ MediaTek MT6737 processor သုံးထားပါတယ်။ entry-level ဖုန်းတစ်လုံးအတွက် RAM 2GB /16GB storage သုံးတာကလည်း လေးစားစရာကောင်းနေပါတယ်။ storage ကိုလည်း 256GB အထိ ထပ်တိုးနိုင်မှာဖြစ်ပြီး နောက်ဆုံးပေါ် Android 10 GO ဆော့ဖ်ဝဲလ်နဲ့ လာပါတယ်။ အနက်ရောင် ၊ အစိမ်း ၊ ခရမ်းနဲ့ အပြာရောင် ကာလာ ၄ ရောင်နဲ့ ထွက်ထားပြီး ဇူလိုင် ၁၃ ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ဖြန့်ချိသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က