loading...

loading...

loading...

HTC ရဲ့ နောက်ဆုံးထွက် entry-level ဖုန်းပါ
Nyein Min Wai

စမတ်ဖုန်းသစ် ထုတ်လုပ်မှု လျှော့ချလာနေတဲ့ HTC ဟာ ထိုင်ဝမ်ဈေးကွက်မှာ Desire 19s နာမည်နဲ့ တန်ဖိုးသင့်ဖုန်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။

HTC Desire 19s ဟာ ၂၀၁၉ မှာ ခေတ်အစားဆုံး စမတ်ဖုန်းဒီဇိုင်း သုံးထားတဲ့ ဖုန်းပါ။ ရှေ့ဘက်မှာ waterdrop notch အငယ်စားတစ်ခု ပါရှိပြီး ၆.၂ လက်မ IPS display နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ waterdrop notch လေးထဲမှာ 16MP ဆယ်လ်ဖီကင်မရာ ထည့်သွင်းထားပြီး ကျောဘက်အောက်ခြေမှာ texture အစင်းနဲ့ ပေါ်မှာ glossy ပြောင် ဒီဇိုင်းပါရှိပါတယ်။

Photo: techandroids

ကျောဘက်မှန် panel ပြားရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ 13MP main ကင်မရာ ၊ 5MP ultrawide ကင်မရာနဲ့ 5MP depth sensor ဆိုပြီး ကင်မရာ သုံးလုံးတပ်ထားပါတယ်။ Fingerprint scanner ဟာလည်း ကျောဘက်မှာပဲ သုံးထားတာ ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက စမတ်ဖုန်း makers တွေထဲမှာ နာမည်ကြီးခဲ့တဲ့ HTC ရဲ့ နောက်ဆုံးပေါ် တန်ဖိုးသင့်ဖုန်း Desire 19s မှာ သိပ်ပြီး စိတ်လှုပ်ရှားစရာ မပါရှိဘူးလို့ ပြောနိုင်ပါတယ်။

microSD card ကနေ သိုလှောင်မှု မြှင့်နိုင်တဲ့ 32GB storage ဟာ အတော်လေးနိမ့်တယ်လို့ ဆိုရမှာပါ။ processor ကိုတော့ MediaTek Helio P22 porcessor သုံးထားပြီး RAM 3GB ပါရှိပါတယ်။ Desire 19s ဟာ Type C Port ကနေတစ်ဆင့် 10W charging သွင်းနိုင်မယ့် 3850mAh ဘက်ထရီနဲ့ လာပြီး HTC Sense UI skin ကို အခြေခံထားတဲ့ Android 9 Pie သုံးထားပါတယ်။

HTC Desire 19s ဟာ Free Blue နဲ့ Yashi Black ကာလာ နှစ်မျိုးနဲ့ လာပြီး ၁၉၅ ဒေါ်လာ ( မြန်မာငွေ ၃ သိန်းနီးပါး) ဈေးနဲ့ ထိုင်ဝမ်ဈေးကွက်မှာ ရောင်းချထားပါတယ်။


loading...

က္က