entry-level ဖုန်းတွေပါ

တန်ဖိုးနည်း Redmi စီးရီးကနေ ဖုန်းမော်ဒယ်အသစ်နှစ်မျိုး ဖြန့်ချိသွားတော့မှာပါ။

Xiaomi Malaysia ဟာ Redmi 9A နဲ့ Redmi 9C တို့ နှစ်မျိုးရဲ့ အချက်အလက်တွေ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ် ။ Redmi 9 ကတော့ လဆန်းပိုင်းကပဲ တရုတ်နဲ့ ဥရောပဈေးကွက်တွေမှာ ဖြန့်ချိထားပါတယ်။မလေးရှားဈေးကွက်မှာ ဝင်မယ့် Redmi 9A နဲ့ Redmi 9C တို့အကြောင်း အချက်အလက်တွေကို Xiaomi Malaysia ရဲ့ facebook စာမျက်နှာမှာ ကြေညာထားပါတယ်။



Photo: Gadgets NDTV

ဖုန်းနှစ်မျိုးမှာ Redmi 9C က ပိုပြီး မော်ဒယ်မြင့်တဲ့ ဖုန်းတစ်လုံး ဖြစ်ပြီး ဈေးလည်း နည်းနည်း ပိုမြှင့်ထားပါတယ်။ဖုန်းနှစ်လုံးစလုံးဟာ မျက်နှာပြင် ၆.၅၃ လက်မ HD+ waterdrop dispaly နဲ့ လာပြီး 5000mAh ဘက်ထရီ ပါရှိပါတယ်။ Redmi 9C မှာတော့ ကျောဘက်မှာ fingerprint scanner တပ်ထားပြီး Redmi 9A မှာ လက်ဗွေမပါရှိပါဘူး။

Redmi 9A အတိုင်းပဲ RAM 2GB/32GB storage ပါရှိပြီး notch ထဲမှာ 5MP selfie ကင်မရာ သုံးထားပါတယ်။ Redmi 9C ဟာ ကျောဘက်မှာ 13MP ကင်မရာနဲ့အတူ 5MP နဲ့ 2MP ကင်မရာတွေ ပါဝင်ပါတယ်။ Redmi 9A ကတော့ ကျောဘက်မှာ 13MP ကင်မရာတစ်လုံးတည်း ပါရှိပါတယ်။ Redmi 9C ဟာ ကျောဘက်မှာ စတုရန်းကွက် ကင်မရာဒီဇိုင်း သုံးထားပြီး Redmi 9A မှာ ထောင်လိုက်ကင်မရာပုံစံနဲ့ ထွက်လာပါတယ်။

processor အနေနဲ့ Redmi 9A ဟာ 2.0GHz MediaTek Helio G25 SoC နဲ့ Redmi 9C ကတော့ 2.3GHz octa-core Helio G35 processor နဲ့ လာပါတယ်။ Redmi 9A ကို မလေးရှားရင်းဂစ် ၃၅၉ (မြန်မာငွေ ၁ သိန်း ၁သောင်းခွဲကျော်) နဲ့ Redmi 9C ကို ၄၂၉ ရင်းဂစ် (မြန်မာငွေ ၁ သိန်း ၄ သောင်းခန့်) ဈေးတွေနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က