တန်ဖိုးနည်း US ဖုန်းပါ

လျှော့ဈေးပေးထားလို့ လောလောဆယ် ဒေါ်လာ ၁၀၀ ဈေးနဲ့ ဝယ်နိုင်မယ့် ဖုန်းတစ်လုံးကို အမေရိကန်အခြေစိုက်စမတ်ဖုန်းကုမ္ပဏီ BLU က မိတ်ဆက်လိုက်ပါတယ်။


BLU ဟာ တန်ဖိုးနည်း entry-level ဖုန်းတွေ ထုတ်လုပ်နေတဲ့ ဖုန်းကုမ္ပဏီပါ။ BLU G90 ဖုန်းကလည်း အကြီးစား မျက်နှာပြင်နဲ့ လာတဲ့ entry-level ဖုန်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ waterdrop notch ပါ Full Screen ဒီဇိုင်း သုံးထားပါတယ်။ LCD display အမျိုးအစားပဲ သုံးထားပြီး ကျောဘက်မှာ fingerprint scanner ထည့်ထားပါတယ်။




Photo: Mobile57

BLU G90 ဟာ မျက်နှာပြင် ၆.၅ လက်မ HD+ resolution နဲ့လာပြီး water drop notch ထဲမှာ 13MP selfie ကင်မရာ ပါရှိပါတယ်။ MediaTek Helio A25 processor ၊ RAM 4GB/64GB storage နဲ့အတူ microSD card ကနေ storage ကို ထပ်မြှင့်နိုင်မှာပါ။ 

ကျောဘက်မှာ 16MP primary ကင်မရာ ၊ 8MP ultrawide ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ကင်မရာသုံးလုံး သုံးထားပါတယ်။ BLU G90 ဟာ Android 10 စနစ်နဲ့ လာပါတယ်။ ဘက်ထရီပါဝါဟာ 4000mAh ဖြစ်ပြီး 10W charger လည်း ပါရှိပါတယ်။ ဗူးထဲမှာ အကြမ်းခံမှန်ကပ် ၊ Type-C cable နဲ့ earphone နားကြပ်တွေလည်း ထည့်ပေးထားပါတယ်။

BLU G90 ကို အနက် ၊ ပန်းခရမ်းရင့် ၊ အဖြူနဲ့ အပြာ ကာလာတွေနဲ့ လာပြီး Amazon မှာ ၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်း ၄ သောင်းခန့်) နဲ့ ရောင်းချသွားမှာပါ။ မူရင်းရောင်းဈေးကတော့ ဒေါ်လာ ၁၅၀ (မြန်မာငွေ ၂ သိန်းကျော်) ဈေး ဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က