အကြီးစားဘက်ထရီနဲ့mid-range processor သုံးထားပါတယ်

Lenovo ကတော့ mid-ranger တွေထဲမှာ ဈေးအနည်းဆုံးလို့ပြောနိုင်တဲ့ ဖုန်းတစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

         Lenovo Z6 Youth Edition လို့ခေါ်တဲ့ ဒီမော်ဒယ်ဟာ Lenovo Z6 Pro ရဲ့ Lite Edition ဖြစ်ပြီး မျက်နှာပြင် ၆.၃ လက်မ dewdrop display နဲ့လာပါတယ်။ ကိုယ်ထည်အချိုးအစား 19.5:9 aspect ratio သုံးထားတဲ့ ဒီဖုန်းဟာ ရုပ်ထွက်မှာ အမြင့်စားဖြစ်တဲ့ 2340 x 1080p ရုပ်ထွက်ပါရှိပြီး HDR10 support ပေးထားပါတယ်။



Photo: GSMArena

         ဒီဖုန်းရဲ့ ထူးခြားချက်တစ်ခုက flagship မဟုတ်တဲ့ ဖုန်းတွေထဲမှာ ပထမဆုံး Dual Frequency GPS စနစ်သုံးလာခြင်း ဖြစ်ပါတယ်။ ဒီတည်နေရာပြ စနစ်ဟာ ၁ မီတာအထိ အနီးစပ်ဆုံး တိကျအောင်ညွှန်ပြနိုင်မှာပါ။ နောက်ထပ် ထူးခြားတာက 15W fast charging စနစ်ပါတဲ့ 4050mAh ဘက်ထရီ သုံးသွားတာပါ။ ဒီအချက်တွေအပြင် Dolby Atmos အသံစနစ် ၊ ကျောဘက် လက်ဗွေနည်းပညာများ သုံးထားပါတယ်။

         တန်ဖိုးနည်း mid-range ဖုန်းတစ်လုံးအနေနဲ့ချီးကျူးဖို့ကောင်းတာက Snapdragon 710 Processor ကို သုံးထားတာ ဖြစ်ပြီး memory အတွဲအစပ် ၃ မျိုးနဲ့ထုတ်ထားပါတယ်။ Lenovo Z6 Youth Edition ဟာ အနိမ့်ဆုံး RAM 4GB/64GB storage ၊ RAM 6GB/64GB storage နဲ့RAM 6GB/128GB storage ဆိုပြီး သုံးမျိုးထုတ်ထားသလို microSD card ကနေ နောက်ထပ် 256GB storage အထိ ထပ်တိုးနိုင်မှာပါ။

         ဒီဖုန်းရဲ့ key feature တစ်ခုက ကျောဘက်မှာ triple lens လို့ခေါ်တဲ့ ထောင်လိုက်သုံးလုံးတွဲကင်မရာစနစ် သုံးထားခြင်း ဖြစ်ပါတယ်။ ကျောဘက်မှာ 16MP ပင်မကင်မရာ ၊ 8MP telephoto lens နဲ့5MP wide-angle lens ဆိုပြီး ကင်မရာ ၃ လုံး ပါပြီး 8x hybrid zoom ဆွဲနိုင်မယ်လို့ဆိုပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ Dewdrop notch ထဲမှာ ရှိပြီး 16MP ကင်မရာ ဖြစ်ပါတယ်။

Photo: Chaali – chaali.com

         Lenovo Z6 Youth Edition ကို လာမယ့် မေလ ၂၈ ရက်နေ့Lenovo တရုတ်ဝက်ဘ်ဆိုက် ၊ TMall နဲ့JD.com တို့ကနေ ရောင်းချသွားမှာပါ။ အနိမ့်ဆုံး မော်ဒယ်ကို တရုတ်ယွမ် ၁၁၉၉ ( မြန်မာငွေ ၂ သိန်း ၆ သောင်းခန့်) ၊ RAM 6GB/64GB storage ကို ၁၃၉၉ ယွမ် ( မြန်မာငွေ ၃ သိန်းကျော်) နဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။ အမြင့်ဆုံးမော်ဒယ်ကတော့ ၁၆၉၉ ယွမ် ( မြန်မာငွေ ၃ သိန်း ၇ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ



က္က