ဈေးကွက်ထဲရောက်လာတဲ့ နောက်ထပ် 5G ဖုန်းတစ်လုံးပါ

ZTE ကတော့ တရုတ်ဈေးကွက်မှာ ကုမ္ပဏီရဲ့ flagship ဖုန်းသစ်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


         ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းက စပိန်နိုင်ငံဘာစီလိုနာမှာ ကျင်းပတဲ့ MWC ပွဲမှာ ZTE ဟာ Axon 10 Pro 5G ဖုန်းကို မိတ်ဆက်ပြသခဲ့ပြီးနောက် အခုဆို ဒီဖုန်းကို တရုတ်ဈေးကွက်မှာ ရောင်းချတော့မှာပါ။ high-end ဖုန်းတစ်လုံးဖြစ်တဲ့ ZTE Axon 10 Pro 5G ဟာ နာမည်အတိုင်းပဲ ပဉ္စမမျိုးဆက် 5G ကွန်ရက်နည်းပညာသုံးနိုင်တဲ့ ဖုန်းဖြစ်ပြီး 4G ကွန်ရက်ပါ ချိတ်ဆက်နိုင်မယ်လို့ဆိုပါတယ်။



Photo: Fossbytes


         ZTE Axon 10 Pro 5G ဟာ မျက်နှာပြင် ၆.၄၇ လက်မ OLED FullHD+ screen နဲ့လာပြီး waterdrop notch တစ်ခု သုံးထားတဲ့ ဖုန်းဖြစ်ပါတယ်။ မှန်ပြင်အောက်မှာတော့ in-display fingerprint လက်ဗွေနည်းပညာ ပါရှိပြီး RAM ပမာဏအနေနဲ့6GB/8GB အပြင် 12GB အထိ ပါလာပါတယ်။

         ဒီဖုန်းရဲ့ ထူးခြားချက်ကတော့ F2FS ဖိုင်စနစ်လို့ခေါ်တဲ့ Samsung ကနေ ထုတ်ထားတဲ့ flash file system ကို ပထမဆုံး သုံးတဲ့ Snapdragon 855 Processor နဲ့လာတဲ့ ဖုန်းဖြစ်လို့storage ဖတ်ရှု/ရေးသားနှုန်းမှာ ပိုပြီး ကောင်းလာမယ်လို့ဆိုပါတယ်။ storage အနေနဲ့128GB နဲ့256GB storage နှစ်မျိုးနဲ့ထုတ်ထားတာပါ။

         ZTE ဟာ Axon 10 Pro နဲ့Axon 10 Pro 5G ဆိုပြီး ဗားရှင်း ၂ မျိုးနဲ့ထွက်ထားပြီး နှစ်မျိုးစလုံးဟာ triple lens သုံးလုံးတွဲ ကင်မရာစနစ်နဲ့လာတာ ဖြစ်ပါတယ်။ ကျောဘက်မှာ 48MP ပင်မကင်မရာ ၊ ၁၂၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်နိုင်မယ့် 20MP ultra-wide ကင်မရာနဲ့3x tele ဆွဲရိုက်နိုင်မယ့် 8MP tele lensသုံးလုံး ပါရှိပြီး AI နဲ့မြင်ကွင်းဖတ်တဲ့ စနစ် နဲ့Night mode ရိုက်ချက်တွေ ပါရှိပါတယ်။ ရှေ့ဘက်မှာတော့ 20MP ဆယ်လ်ဖီကင်မရာ သုံးထားတာပါ။

         Android 9 Pie ကို အခြေခံထားတဲ့ MiFavor 9.1 skin သုံးပြီး USB Type C ကနေ အားသွင်းနိုင်မယ့် 4000mAh ဘက်ထရီ ပါရှိပါတယ်။ ZTE Axon 10 Pro 5G ဟာ နားကြပ်ပေါက်ဖြုတ်ထားတဲ့ ဖုန်းဖြစ်ပြီး wireless charging စနစ် ပံ့ပိုး ပေးထားပါတယ်။ ရိုးရိုးမော်ဒယ် ZTE Axon 10 Pro နဲ့Axon 10 Pro 5G ဟာ 5G ရတဲ့ ဖုန်းနဲ့မရတဲ့ ဖုန်းပဲ ကွာပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကတော့ အတူတူပဲ ဖြစ်ပါတယ်။

Photo: PhoneRadar

         ဈေးနှုန်းအနေနဲ့Axon 10 Pro ရဲ့ အနိမ့်ဆုံး RAM 6GB/128GB storage မော်ဒယ်ကို ၃၁၉၉ ယွမ် ( မြန်မာငွေ ၇ သိန်း ၂ သောင်းခန့်) ၊ RAM 8GB မော်ဒယ်ကို ၃၆၉၉ ယွမ် ( မြန်မာငွေ ၈ သိန်း ၃ သောင်းခန့်) နဲ့အမြင့်ဆုံး မော်ဒယ် RAM 12GB / 256GB storage ကို ၄၁၉၉ ယွမ် ( မြန်မာငွေ ၉ သိန်း ၄ သောင်းကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

         5G မော်ဒယ် ZTE Axon 10 Pro ရဲ့ ဈေးနှုန်းတော့ မကြေညာသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က