သုံးလုံးတွဲကင်မရာနဲ့ 4000mAh ဘက်ထရီ ပါလာပါတယ်

တန်ဖိုးနည်းတရုတ်ဖုန်းအမှတ်တံဆိပ်တစ်ခု ဖြစ်တဲ့ Gionee ရဲ့ တန်ဖိုးသင့်ဖုန်းတစ်လုံးကို တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။

Gionee ဟာ ပြီးခဲ့တဲ့နှစ်က စီးပွားရေးပျက်ကပ်နဲ့ ကြုံခဲ့ပြီး ဒီနှစ်ထဲမှာ ဖြည်းဖြည်းချင်း ပြန်ပြီး ဦးမော့လာနေပါတယ်။ တရုတ်နဲ့ အိန္ဒိယဈေးကွက်တွေမှာလည်း စမတ်ဖုန်းတွေ မိတ်ဆက်လာတာကိုလည်း တွေ့ရပါတယ်။ ဒီနှစ်ထဲမှာ တရုတ်ဈေးကွက်အတွက် Gionne K6 နဲ့ Gionee Steel 5 ဖုန်းတွေကို ကြေညာခဲ့ပြီး အခုတစ်ခါမှာ နောက်ထပ် Mid-ranger တစ်လုံးကို မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။



Photo: GSMArena


Gionee K3 Pro ဟာ ၂၀၂၀ မှာ မြင်နေကျ waterdrop notch သုံးထားတဲ့ ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက် ဘယ်အပေါ်ထောင့်မှာ စတုရန်းကွက် ကင်မရာ Module နဲ့ လာပါတယ်။ တစ်ခြားဖုန်းတွေနဲ့ မတူတာက Fingerprint sensor ကို Camera Module အောက်ခြေညာထောင့်မှာ တွဲလျက်သား တပ်ဆင်ထားတာ ဖြစ်ပါတယ်။

ကျောဘက် Glass Panel သုံးထားပြီး ဖုန်းရဲ့ ရှေ့မျက်နှာပြင်ဟာ ၆.၅၃ လက်မ HD+ display နဲ့ လာပါတယ်။ သုံးထားတဲ့ Processor ဟာ MediaTek Helio P60 chipset ဖြစ်ပြီး RAM 8GB/128GB storage အထိ ပါရှိပါတယ်။ storage အနေနဲ့ ထပ်ပြီး တိုးနိုင်စေဖို့ MicroSD card slot တစ်ခုလည်း ထည့်ပေးထားပါတယ်။

မြန်မာငွေ ၂ သိန်းအောက်တန် ဖုန်းတစ်လုံးအနေနဲ့ RAM / storage အမြင့်ပါလာတာက စိတ်ဝင်စားစရာပါ။ ဘက်ထရီပါဝါကိုလည်း 4000mAh သုံးထားပြီး charging support အနေနဲ့ 10W ပေးထားပါတယ်။ ဒီဖုန်းရဲ့ အားနည်းချက်တစ်ခုက ပြီးခဲ့တဲ့နှစ်က ထွက်ထားတဲ့ Android 9 Pie OS နဲ့ လာတာ ဖြစ်ပါတယ်။

Photo: droidafrica


selfie ဆွဲဖို့အတွက် ရှေ့ဘက်မှာ 13MP ကင်မရာ ပါရှိပြီး ကျောဘက်စတုရန်းကွက် Module ထဲမှာ Triple lens ကင်မရာစနစ် သုံးထားပါတယ်။ ကင်မရာအနေနဲ့ 16MP ကင်မရာကိုမှ 2MP ကင်မရာနှစ်လုံးနဲ့ တွဲသုံးထားပြီး အလယ်မှာ LED flash sensor ထည့်ပေးထားပါတယ်။ 

စမတ်ဖုန်းလုံခြုံရေးအနေနဲ့ Fingerprint အပြင် face Unlock လည်း သုံးနိုင်မှာပါ။ Jade Green စိမ်းနဲ့ Pearl White ဖြူ ကာလာ ၂ ရောင်နဲ့ လာပါတယ်။ RAM 6GB/128GB storage ဗားရှင်းကို ၆၉၉ ယွမ် (မြန်မာငွေ ၁သိန်း ၄ သောင်းခန့်) နဲ့ RAM 8GB/128GB storage ကို ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်း ၆ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က