အရင် မော်ဒယ်ကို အဆင့်မြှင့်ထားတာပါ

Huawei ရဲ့ mid-range စီးရီးဖုန်းဖြစ်တဲ့ Huawei P Smart+ (2019) ကတော့ ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။

         ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက Huawei P Smart (2019) ကို မိတ်ဆက်ခဲ့ပြီး ဒီတစ်ခါမှာလည်း P Smart (2019) နဲ့အတော်လေး ဆင်တဲ့ Plus မော်ဒယ်ကို ကြေညာလိုက်တာပါ။ ဒီဇိုင်း ၊ display ၊ processor နဲ့ဘက်ထရီပိုင်းအထိ P Smart + ဟာ ရိုးရိုးမော်ဒယ်နဲ့တစ်ပုံစံတည်း ဖြစ်နေပြီး ကင်မရာပိုင်းမှာပဲ ဆန်းသစ်မှု လုပ်ထားတာ ဖြစ်ပါတယ်။



Photo: Huawei

         Huawei P Smart+ (2019) မော်ဒယ်ဟာ မျက်နှာပြင် ၆.၂၁ လက်မ 1080+ screen နဲ့လာတာ ဖြစ်ပြီး display ဖွဲ့စည်းမှုက waterdrop notch စတိုင်နဲ့ဘောင်ပါးအောင် ထုတ်ထားတာပါ။ ကျောဘက်မှာ fingerprint scanner နဲ့အတူ ညာဘေးကပ် ထောင်လိုက် ကင်မရာ ၃ လုံးတန်း ပါပြီး ဒီကင်မရာစနစ်ကပဲ အရင်မော်ဒယ်နဲ့ကွာခြားသွားတာ ဖြစ်ပါတယ်။

         Huawei ရဲ့ နည်းပညာဖြစ်တဲ့ Kirin 710 processor နဲ့လာတဲ့ ဒီဖုန်းဟာ Mali-G51 MP4 GPU ဂရပ်ဖစ် ပံ့ပိုးချက်ပါပြီး ဂိမ်းကစားမှုပိုင်းကို ညက်ညောစေမယ့် GPU Turbo 2.0 နည်းပညာနဲ့လာတာပါ။ RAM 3GB/64GB storage ပိုင်းဟာ microSD card ပံ့ပိုးမှုနဲ့512GB အထိ storage ကို ထပ်မြှင့်နိုင်မယ်လို့ဆိုပါတယ်။ ဘက်ထရီကလည်း အရင်မော်ဒယ်လိုပဲ 3400 mAh ဘက်ထရီ သုံးထားတာ ဖြစ်ပါတယ်။

Photo: GSMArena

         ကင်မရာပိုင်းမှာ 24MP main ကင်မရာနဲ့အတူ 16MP ultrawide ကင်မရာနဲ့2MP depth sensor တို့ပါဝင်လာတာက ထူးခြားပါတယ်။ အရင်မော်ဒယ်မှာကတော့ ကျောဘက် 13MP+2MP ကင်မရာနှစ်လုံးတွဲပဲ သုံးထားတာပါ။ ရှေ့8MP ကင်မရာဟာလည်း ကျောဘက် triple lens လိုမျိုး AI စမတ်လုပ်ဆောင်ချက်တွေဖြစNight Mode နဲ့အလင်းအားနည်းချိန် ရုပ်ငြိမ်စေမယ့် စနစ်တွေ ပါရှိပါတယ်။

         Huawei P Smart + (2019) ကို အနက် နဲ့အပြာ ကာလာနှစ်ရောင်တည်းနဲ့ထုတ်ထားတာ ဖြစ်ပြီး EMUI 9 နဲ့လာတဲ့ Android 9 Pie စနစ် သုံးထားပါတယ်။ လတ်တလောမှာတော့ ဒီဖုန်းရဲ့ ဈေးနှုန်း မသိရသေးပါဘူး။

Share

Loading Next Article...
က္က