ဘက်ဂျက်ဖုန်း ကြိုက်သလား
Nyein Min Wai

နှစ်ရက်အထိ အားခံမယ်လို့ပြောထားတဲ့ ZTE ဖုန်းသစ်ကတော့ ကလေးငယ်တွေနဲ့မိဘတွေအတွက် အဓိက ဦးတည်ထားတဲ့ entry-level ဖုန်းလို့ဆိုနိုင်ပါတယ်။



ZTE Blade 20 ဖုန်းသစ်ဟာ ရှေ့display မှာ teardrop notch ဒီဇိုင်း သုံးထားတာ ဖြစ်ပြီး ကျောဘက်မှာတော့ ထူးခြားတဲ့ ဘယ်အပေါ် ဘေးကပ် စတုရန်းကွက် ကင်မရာပုံစံသစ် ပါရှိပါတယ်။ ဒီကင်မရာ ဒီဇိုင်းဟာ Huawei Mate 20 စီးရီးရဲ့ ကင်မရာ ဒီဇိုင်းနဲ့ဆင်ပြီး နေရာပြောင်းထားတာပါ။

Photo: sparrowsnews


fingerprint scanner ကိုလည်း ကျောဘက်မှာပဲ သုံးထားပါတယ်။ စတုရန်းကွက် ကင်မရာဒီဇိုင်းနဲ့fingerprint အထားအသိုဟာ ဒီဇိုင်းအမြင်အရ တစ်မျိုး ဖြစ်နေပေမယ့် တစ်ခြားဖုန်းတွေနဲ့မတူတာတော့ အမှန်ပါပဲ။ နောက်ထပ် ထူးခြားတာက 5000 mAh ဘက်ထရီ ပါ။

18W fast charging အားသွင်းစနစ် ပါတဲ့ 5000 mAh ဘက်ထရီဟာ ၂ ရက်အထိ အားခံမယ်လို့ZTE က အာမခံထားပါတယ်။ အားနည်းချက်တစ်ခုက microUSB port နဲ့အားသွင်းရတာ ဖြစ်ပါတယ်။ ပြောရရင် ZTE Blade 20 ဟာ ဖုန်းတစ်လုံးအပြင် power bank တစ်လုံးပါ မြင်ရမယ့် ဖုန်းပါ။

မျက်နှာပြင် ၆.၄၉ လက်မဟာ 720p+ LCD display နဲ့လာတာ ဖြစ်ပြီး မှန်ပြင်နေရာယူမှုဟာ ၉၁.၁% အထိ ရှိပါတယ်။ ကလေးငယ်တွေနဲ့မိဘတွေအတွက် ဖုန်းလို့ဆိုရတာကတော့ Remote Care features တွေ ပါရှိတာပါ။ ဒီ feature တွေကတော့ ၁၂ နာရီကြာတဲ့အထိ ကိုယ့်ကလေးတွေနဲ့မိဘတွေ မဆက်သွယ်ရင် သတိပေးတဲ့ timer စနစ် ၊ အရေးပေါ်ဌာန ၅ မျိုးကို ဆက်သွယ်ပေးမယ့် SOS feature နဲ့ဖုန်းကို ခြေရာခံမယ့် CellID ဖွင့်တဲ့ စနစ်တွေ ပါရှိပါတယ်။

Triple lens သုံးတဲ့ ZTE Blade 20 ဟာ 16MP ကင်မရာ ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်မယ့် 8MP ကင်မရာနဲ့ 2MP depth sensor ဆိုပြီး ပါရှိပါတယ်။ ရှေ့ကင်မရာဟာ 8MP ဖြစ်ပြီး ရှေ့နောက် ကင်မရာအားလုံးဟာ HDR mode နဲ့AI အခြေပြု ကင်မရာစနစ်တွေ ပံ့ပိုးပေးထားပါတယ်။


Photo: phonebunch

MediaTek Helio P60 processor နဲ့အတူ ဂိမ်းကစားမှုကို မြန်ဆန်သွက်လက်စေမယ့် Mali-G72 MP3 GPU ပါရှိပါတယ်။ RAM 4GB နဲ့128GB storage ပါပြီး microSD card ပံ့ပိုးထားပြီး နောက်ထပ် 256GB storage အထိ ထပ်တိုးနိုင်မှာပါ။

တရုတ်အွန်လိုင်းစတိုး JD.com မှာ ဒီဖုန်းကို ယွမ် ၁၀၀၀ ( မြန်မာငွေ ၂ သိန်း ကျော်) ဈေးနဲ့လာမယ့် အောက်တိုဘာ ၂၈ ရက်မှာ စတင်ရောင်းချသွားမယ်လို့ဆိုပါတယ်။


က္က