camera ဒီဇိုင်းပါ ပြောင်းသွားပါတယ်
Nyein Min Wai

Moto G series နောက်ဆုံးထွက်ဖုန်းဟာ ကင်မရာစွမ်းရည်မြှင့်ထားတဲ့ Motorola ရဲ့ ဘက်ဂျက်ဖုန်းလို့ဆိုနိုင်ပါတယ်။

Moto G8 Plus ဟာ နှစ်ဆန်းပိုင်းက ထွက်ထားတဲ့ Moto G7 Plus ရဲ့ အဆက်ပါ။ Moto G7 Plus မှာ dual ကင်မရာ သုံးခဲ့ပြီး Moto G8 Plus ကတော့ ထောင်လိုက် triple lens ကင်မရာစနစ်နဲ့ပွဲထုတ်လာတာ ဖြစ်ပါတယ်။ Moto G8 Plus ဟာ ဘက်ထရီပါဝါမှာလည်း Moto G7 Plus ထက် 1000 mAh ပါဝါပိုများလာတဲ့ 4000 mAh ဘက်ထရီနဲ့လာတာပါ။

Photo: GSMAren

အားသွင်းမှုပိုင်းမှာ G7 Plus တုန်းက 27W fast charging သုံးခဲ့ပေမယ့် G8 Plus မှာတော့ 15W fast charging ပဲ သုံးထားတာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာ ဖွဲ့စည်းမှုကိုတော့ အရင် စက်ဝိုင်းပုံ camera module ကနေ ထောင်လိုက်ဘယ်ဘေးကပ် ကင်မရာဒီဇိုင်း ဖြစ်လာပါတယ်။ ကင်မရာတွေရဲ့ ဘေးမှာ Moto logo နဲ့အတူ fingerprint scanner ထည့်ပေးထားပါတယ်။

Moto G8 Plus ရဲ့ မျက်နှာပြင်အရွယ်အစားဟာ Moto G7 Plus အတိုင်း ၆.၃ လက်မ FullHD+ display နဲ့လာပါတယ်။ waterdrop notch ထဲမှာ 25MP selfie ကင်မရာထည့်သွင်းထားပြီး hardware specs မှာ Moto G7 Plus ထက် အပြတ်သာပါတယ်။ ဒီဖုန်းမှာ Snapdragon 665 SoC ၊ RAM 4GB နဲ့64GB storage သုံးထားပြီး microSD card ကနေ 512GB အထိ ထပ်တိုးနိုင်မှာပါ။

Photo: The Verge


ကျောဘက်မှာ 48MP ကင်မရာ ၊ 2MP depth sensor နဲ့၁၁၇ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP ultra-wider camera သုံးထားပါတယ်။ ကင်မရာတွေရဲ့ ဖွဲ့စည်းမှုဟာ laser focus sensor နဲ့flash တစ်ခုနဲ့ဆိုရင် ရုတ်တရပ်ကြည့်ရင် ကင်မရာ ၅ လုံးလို ထင်စရာပါ။ ကင်မရာ features တွေအနေနဲ့Night Vision mode ၊ Auto Smile Capture ၊ Portrait Lighting ၊ Cinemagraph စတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။

Moto G8 Plus ကို ၁၃၉၉၉ ရူပီး ( မြန်မာငွေ ၃ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။


က္က