Meizu ရဲ့ ကိုယ်ပိုင် in-display လက်ဗွေစနစ်လည်း ပါရှိပါတယ်။

     အကောင်းစား display နဲ့triple lens ကင်မရာ သုံးထားတဲ့ တန်ဖိုးနည်းဖုန်းတစ်မျိုးကို Meizu က ကြေညာလိုက်ပြီ ဖြစ်ပါတယ်။


         Meizu ရဲ့ high-end ဖုန်းတွေဟာ တစ်ခြား စမတ်ဖုန်း brand တွေရဲ့ mid-range ဈေးနဲ့ထွက်တာ များပါတယ်။ Meizu 16Xs မှာလည်း Meizu ရဲ့ အစဉ်အလာကို ဆက်ထိန်းသွားပါတယ်။ မျက်နှာပြင် ၆.၂ လက်မ ပါတဲ့ Meizu 16Xs ဟာ Samsung ထုတ် Super AMOLED display ကို သုံးထားပြီး notch/pop-up selfie တွေ မသုံးဘဲနဲ့ဘေးဘောင်ပါး ဒီဇိုင်းနဲ့ထွက်လာတာပါ။



Photo: androidauthority

         ရုပ်ထွက် resolution အနေနဲ့2232 x 1080p ပါရှိပြီး မှန်ပြင်အောက်မှာတော့ လက်ဗွေကို ထည့်သွင်းထားတဲ့ Meizu ရဲ့ ကိုယ်ပိုင် in-display fingerprint နည်းပညာ သုံးထားတာ ဖြစ်ပါတယ်။ ထူးခြားတာက ဒီဖုန်းရဲ့ မှန်ပြင်-ကိုယ်ထည် နေရာယူမှုအချိုးဟာ 90.29% အထိ ရှိလာတာပါ။ ရှေ့ဘက်အပေါ် bezel ပါးပါးအောက်မှာတော့ 16MP selfie ကင်မရာ ထည့်ထားပြီး ကျောဘက်မှာ ထောင်လိုက် သုံးလုံးတွဲ ကင်မရာတွေ ပါလာပါတယ်။

         Triple Camera စနစ်အနေနဲ့Smasung ရဲ့ 48MP ကင်မရာနဲ့အတူ ၁၁၈.၈ ဒီဂရီ မြင်ကွင်းကျယ် 8MP wide-angle lens နဲ့5MP depth sensor တို့သုံးသွားတာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 9 Pie ကို အခြေခံထားတဲ့ Flyme OS 7 နဲ့ထွက်ထားတာပါ။ Meizu 16Xs ဟာ Meizu ရဲ့ mCharge 18W fast Charging အားသွင်းနည်းပညာပါတဲ့ 4000 mAh ဘက်ထရီကို သုံးထားတာဖြစ်လို့အားသွင်းမှုပိုင်းမှာ user အကြိုက် ဖြစ်စေမယ့်ဖုန်းလို့ပြောနိုင်ပါတယ်။

Photo: slashgear


         performance ပိုင်းဘက်က ကြည့်ရင်တော့ ဒီဖုန်းဟာ mid-range processor ဖြစ်တဲ့ Snapdragon 675 processor နဲ့လာပြီး RAM 6GB ကိုမှ 64GB storage ဗားရှင်းနဲ့128GB ဗားရှင်းဆိုပြီး နှစ်မျိုး ထွက်ထားတာပါ။ အရောင်အနေနဲ့Midnight Black ၊ Atlantics Blue ၊ Coral Orange နဲ့Silk Whilk ကာလာ ၄ ရောင်နဲ့ဝယ်ယူနိုင်မယ်လို့ဆိုပါတယ်။

         Meizu 16Xs ကို တရုတ်ဈေးကွက်မှာ လာမယ့် ဇွန်လ ၁၀ ရက်နေ့မှာ တရားဝင် ဖြန့်ချိသွားမှာ ဖြစ်ပြီး ဥရောပနိုင်ငံတစ်ချို့နဲ့အိန္ဒိယဈေးကွက်ကိုတော့ လာမယ့် ဇူလိုင်ထဲမှာ ရောင်းချသွားမှာပါ။ ဈေးနှုန်းအနေနဲ့အနိမ့်မော်ဒယ်ကို ၁၆၉၈ ယွမ် ( မြန်မာငွေ ၃ သိန်း ၇ သောင်းခန့်) နဲ့အမြင့်ဗားရှင်းကိုတော့ ၁၉၉၈ ယွမ် ( မြန်မာငွေ ၄ သိန်းခွဲကျော်) ဈေးတွေနဲ့ဝယ်ယူနိုင်မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က