မလေးရှားနဲ့ယူကေဈေးကွက်ထဲ ဖြန့်သွားမှာပါ

တန်ဖိုးသင့် mid-range ဖုန်းဈေးကွက်ကို အဓိက ဦးတည်တဲ့ Honor ဟာ စိတ်ဝင်စားစရာကောင်းတဲ့ နောက်ထပ် Honor ဖုန်းသစ်တစ်မျိုးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

         တရုတ်ဈေးကွက်မှာ မိတ်ဆက်လိုက်တဲ့ Honor 20 Lite ဟာ မကြာခင် လန်ဒန်မှာ ကြေညာသွားမယ့် Honor 20 / 20 Pro တို့ရဲ့ Lite ဗားရှင်းဖြစ်ပြီး dew-drop notch ဒီဇိုင်း display နဲ့လာပါတယ်။ ဒီဇိုင်းပိုင်းမှာ သိပ်ပြီး ထူးထူးခြားခြား ပြောစရာ မရှိပေမယ့် ဒီဖုန်းဟာ mid-ranger တစ်လုံးအနေနဲ့ချီးကျူးစရာကောင်းတဲ့ Specs တွေ သုံးထားပါတယ်။

Photo: techENT



         မျက်နှာပြင် ၆.၂၁ လက်မအရွယ်ဒီဖုန်းဟာ FullHD+ ရုပ်ထွက်ဖြစ်တဲ့ 1080 x 2340p ပါရှိပြီး နောက်ပိုင်းထွက် Honor နဲ့Huawei ဖုန်းတွေလိုပဲ ကျောဘက်မှာ ရောင်ပြန် gradient ဒီဇိုင်းနဲ့လာပါတယ်။ Honor 20 Lite ဟာ HiSilicon Kirin 710 chipset ၊ RAM 4GB/ 128GB storage ပါရှိပြီး microSD card ကနေ storage ထပ်တိုးနိုင်မယ်လို့ဆိုပါတယ်။

         Honor 20 Lite ဟာ ကင်မရာ ၃ လုံး သုံးတဲ့ ဖုန်းတွေထဲမှာ ဈေးအနည်းဆုံးစာရင်းဝင်ပါတယ်။ ကျောဘက်မှာ ထောင်လိုက် 24MP ကင်မရာနဲ့အတူ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ်ရိုက်ကူးနိုင်တဲ့ 8MP ultrawide lens နဲ့2MP depth sensor ပါပြီး fingerprint scanner ကိုလည်း ဖုန်းကျောဘက်မှာပဲ သုံးထားတာပါ။ ဒီ triple lens ကင်မရာတွေဟာ Super Night Scene mode နဲ့AI multi-scene မြင်ကွင်းသိစနစ်တွေ သုံးနိုင်မယ်လို့ဆိုပါတယ်။

         ရှေ့ဘက်မှာ Face Unlock သုံးနိုင်တဲ့ 32MP AI selfie ကင်မရာနဲ့လာပြီး ဘက်ထရီကတော့ 3400 mAh ပါဝါသုံးထားပါတယ်။ စမတ်ဖုန်းနဲ့ဂိမ်းကစားတဲ့ သူတွေအတွက် gaming experience ပိုင်းကို ကောင်းကောင်း အရသာတွေ့စေမယ့် GPU Turbo 2.0 နည်းပညာ ပါရှိပြီး ဆော့ဖ်ဝဲလ်အနေနဲ့Android 9 Pie အခြေခံထားတဲ့ EMUI 9 စနစ်နဲ့လာပါတယ်။

Photo: SlashGear

         Honor 20 Lite ဟာ Phantom Red ၊ Phantom Blue နဲ့Midnight Blue အရောင် ၃ မျိုးနဲ့ထွက်ထားပြီး ယူကေဈေးကွက်မှာတော့ စတာလင်ပေါင် ၂၄၉ ( မြန်မာငွေ ၄ သိန်းကျော်) ဈေးပေါက်ဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က