အနည်းဆုံး ၇ သိန်း နီးပါးကနေ ၁၀ သိန်းနီးပါးဈေးနဲ့ထွက်လာတာပါ

Vivo ကတော့ iQOO နာမည်နဲ့ဂိမ်းဖုန်းကို အမြင့်စား specs သစ်တွေနဲ့ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။

         မကြာသေးမီကမှ Vivo ကနေ Vivo iQOO ဆိုပြီး အမှတ်တံဆိပ်ခွဲတစ်ခု ကြေညာခဲ့ပေမယ့် ဘယ်လို ဖုန်းမျိုး မိတ်ဆက်မလဲဆိုတာ ဘယ်သူမှ ရေရေရာရာ မသိခဲ့ပါဘူး။ နောက်ဆုံးမှာတော့ Vivo iQOO ဟာ Monster Inside ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တကယ့် high-end specs တွေ သုံးပြီး gaming phone အဖြစ် ထွက်လာခဲ့တာပါ။ Vivo iQOOဟာ ထွက်ဖူးသမျှ Vivo ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး ဖုန်းဖြစ်တာကတော့ ငြင်းမရပါဘူး။



Photo:Engadget

         မျက်နှာပြင် ၆.၄၁ လက်မ OLED panel နဲ့လာတဲ့ ဒီဖုန်းဟာ waterdrop notch နဲ့လာပြီး မှန်ပြင်အောက် လက်ဗွေနည်းပညာ ပါရှိပါတယ်။ processor ကတော့ ၂၀၁၉ high-end ဖုန်းတွေမှာ မြင်ရမယ့် Snapdragon 855 SoC နဲ့လာတာကြောင့် အမြန်ဆုံးနဲ့စွမ်းဆောင်ရည် အမြင့်ဆုံး ဖုန်းအဖြစ် တွေ့ရမှာပါ။ နောက်ထပ် ထူးခြားတာက RAM ပမာဏကို 6GB ၊ 8GB နဲ့12GB ဆိုပြီး ၃ မျိုး ထုတ်ထားတာဖြစ်လို့တကယ့်ဂိမ်းအကြီးတွေ ထည့်ဆော့ဖို့အသာလေး နိုင်နင်းမှာ ဖြစ်ပါတယ်။

         IQOO ဆိုတဲ့ brand ဟာ I Quset On and On ရဲ့ အရှည်ကောက်ပါ။ တစ်နည်းအားဖြင့် ဆက်ကာဆက်ကာ စူးစမ်းရှာဖွေနေတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ Vivo IQOO က ဘာတွေ အသစ် ထပ်မံစူးစမ်းထားသလဲ။ ဒီဖုန်းဟာ Gaming phone ဖြစ်ပြီး ဂိမ်းဖုန်းတစ်လုံးအတွက် အလိုအပ်ဆုံး နည်းပညာတွေ အပြည့် ထည့်ထားတာပါ။

super liquid cooling စနစ်လို့ခေါ်တဲ့ ရေငွေ့အအေးခန်း စနစ်အပြင် ဂိမ်းကစားတဲ့ performance ပိုင်းကို အဆင့်မြှင့်တင်ဖို့AI Turbo နည်းပညာ ၊ Center Turbo ၊ Net Turbo ၊ Cooling Turbo နဲ့Game Turbo စတဲ့ ဂိမ်းစွမ်းရည်မြှင့်တဲ့ Turbo စနစ်တွေ အစုံပါလို့သူ့ကို Multi-Turbo စနစ်လို့တောင် ခေါ်ပါတယ်။

         အမယ်စုံ Gaming service တွေ တစ်နေရာတည်းမှာ ပေးနိုင်တဲ့ Multi-Turbo နည်းပညာဟာ app ဖွင့်တာကို ၃၀% ပိုသွက်စေသလို ၊ ဖရိမ်ရုပ်ထွက်နှုန်းကို ၇၀% ကျော် ပိုမြင့်စေပြီး ဆက်တိုက် ဂိမ်းဆော့ချိန်မှာ လိုင်းဆွဲအားကောင်းစေဖို့WiFi နဲ့4G အကြား အလိုအလျောက် လိုင်းကောင်းအောင် ပြောင်းပေးမယ့် စနစ်တွေ ပါလာပါတယ်။ ဂိမ်း features တွေအပြင် နောက်ထပ် လေးစားစရာက ကင်မရာပိုင်းဖြစ်ပါတယ်။

Photo: Engadget

         Vivo iQOO ဟာ Gaming smartphone တွေထဲမှာ ကျောဘက်ကင်မရာ ၃ လုံးတွဲကို ပထမဆုံး သုံးတဲ့ ဖုန်းလို့ပြောနိုင်ပါတယ်။ ဒီဖုန်းဟာ 13MP wide-lens ၊ dual Pixel နည်းပညာပါဝင်တဲ့ 12MP ကင်မရာနဲ့2MP depth sensor ဆိုပြီး ကျောဘက် triple lens သုံးထားပါတယ်။ ရှေ့ဘက်မှာတော့ 12MP selfie ကင်မရာ ပါဝင်လာပါတယ်။ နောက်ထပ် ထူးခြားတာက ဘက်ထရီနည်းပညာပါ။

         4000 mAh အကြီးစား ဘက်ထရီနဲ့လာတဲ့ Vivo iQOO ဟာ 44W charging နည်းပညာနဲ့လာတဲ့ ဖုန်းပါ။ တစ်နည်းအားဖြင့် ဖုန်းဘက်ထရီဒေါင်းနေချိန် ၁၅ မိနစ်နဲ့အား ၅၀% ထိရောက်အောင် သွင်းပေးနိုင်မယ့် နည်းပညာ ဖြစ်ပါတယ်။ တစ်ခုရှိတာက RAM 6GB/128GB ဗားရှင်းမှာတော့ 22.5W fast charging ပဲ ပေးထားပါတယ်။

         Android 9 Pie နဲ့လာတဲ့ Vivo IQOO ဟာ လျှပ်စစ်ပြာနဲ့လိမ္မော်ကာလာတွေနဲ့လာပြီး အနိမ့်ဆုံး RAM 6GB/128GB storage အတွက် ၂၉၉၈ ယွမ် (မြန်မာငွေ ၆ သိန်း ၈ သောင်းခန့်) RAM 8GB/12GB storage ကို ၃၂၉၈ ယွမ် (မြန်မာငွေ ၇ သိန်း ၄ သောင်းခန့်) နဲ့ရောင်းချသွားမှာ ဖြစ်ပြီး 256GB မော်ဒယ်ကတော့ ၃၅၉၈ ယွမ် (မြန်မာငွေ ၈ သိန်းကျော်) ဈေးတွေနဲ့ရောင်းချသွားမှာပါ။

         အမြင့်ဆုံးမော်ဒယ်ဖြစ်တဲ့ RAM 12GB/256GB မော်ဒယ် iQOO ဖုန်းကတော့ ၄၂၉၈ ယွမ် (မြန်မာငွေ ၉ သိန်း ၇ သောင်းခန့်) ဈေးနှုန်းနဲ့မတ်လ ၆ ရက်နေ့မှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က