အပြာရောင်တစ်မျိုးတည်း ထွက်ထားတာပါ

Lenovo ကတော့ mid-range processor သစ် သုံးထားတဲ့ တန်ဖိုးသင့် mid-range ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါတယ်။

         မြန်မာငွေ ၄ သိန်းကနေ စတင် ရောင်းချသွားမယ့် Lenovo ရဲ့ mid-range ဖုန်းသစ် Lenovo Z6 ဟာ ပြီးခဲ့တဲ့ ဧပြီနဲ့မေလတွေမှာ မိတ်ဆက်ခဲ့တဲ့ Lenovo Z6 Pro နဲ့Lenovo Z6 Youth Edition တို့ရဲ့ အဆက်အဖြစ် ထွက်လာတာပါ။ Lenovo Z6 ဟာ Glass body နဲ့လာပြီး ရှေ့display ဟာ waterdrop notch ဒီဇိုင်းနဲ့လာပါတယ်။



Photo: pocketnow

         မျက်နှာပြင်အရွယ်အစား ၆.၃၉ လက်မဟာ ရုပ်ထွက်အရည်အသွေး 2340 x 1080p ပါတဲ့ OLED display သုံးထားတာ ဖြစ်ပြီး display ရဲ့ အောက်မှာတော့ လက်ဗွေစနစ်ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည်ဟာ 19.5:9 aspect ratio နဲ့လာတာ ဖြစ်လို့အတော်ကို ရှည်လျား သေးသွယ်တဲ့ဒီဇိုင်း စြဖ်ပြီး မှန်ပြင်ရဲ့ နေရာယူမှုကလည်း အတော်လေးကို မြင့်တဲ့ Bezel-less ဒီဇိုင်းနဲ့လာတာပါ။

         Lenovo ဟာ Z6 Pro မှာ ပထမဆုံးအကြိမ် Quad Lens ကင်မရာကို သုံးခဲ့ပြီး ယခု ရိုးရိုး Lenovo Z6 မှာတော့ triple lens ကင်မရာ သုံးလုံးတွဲ ဖြစ်တဲ့ 24MP main ကင်မရာ ၊ 8MP telephoto ကင်မရာနဲ့5MP depth sensor တွေ ပါရှိပါတယ်။ ရှေ့ကင်မရာဟာ 16MP ဆယ်လ်ဖီကင်မရာဖြစ်ပြီး waterdrop notch ထဲမှာ ထည့်သွင်းထားပါတယ်။

Photo: GSMArena

         ဒီဖုန်းရဲ့ ထူးခြားချက်က mid-range ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 730 SoC န ဲ့လာပြီ RAM 6GB/64GB / 6GB/28GB နဲ့RAM 8GB/128GB storage သုံးမျိုးနဲ့ထုတ်ထားတာပါ။ microSD card slot ကနေ 512GB အထိ storage ထပ်တိုးနိုင်မှာ ဖြစ်ပြီး 15W fast charging ပံ့ပိုးနိုင်မယ့် 4000 mAh ဘက်ထရီ Android Pie ကို အခြေခံထားတဲ့ ZUI 11 တို့ပါရှိပါတယ်။

         အပြာရောင်တစ်မျိုးတည်းနဲ့ထွက်ထားတဲ့ Lenovo Z6 အနိမ့်ဆုံးမော်ဒယ် RAM 6GB/64GB storage ကို ၁၈၉၉ ယွမ် ( မြန်မာငွေ ၄ သိန်း ၁ သောင်းခန့်) ၊ RAM 6GB/128GB storage ကို ၂၀၉၉ ယွမ် ( မြန်မာငွေ ၄ သိန်းခွဲကျော်) နဲ့RAM 8GB/128GB storage ကို ၂၄၉၉ ယွမ် ( မြန်မာငွေ ၅ သိန်းခွဲနီးပါး) ဈေးတွေနဲ့ရောင်းချသွားမှာပါ ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က