ဘက်ဂျက်ဗားရှင်းသစ်ပါ

Motorola ကတော့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ခေတ်မီတဲ့ ဖုန်းတစ်လုံးကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Moto G8 Power Lite ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ထွက်ခဲ့တဲ့ Moto G8 Power ရဲ့ တန်ဖိုးသင့် Lite ဗားရှင်း ဖြစ်ပြီး အကြီးစား screen size ၊ ဘက်ထရီပါဝါအမြင့်နဲ့ mid-range processor သုံးလာပါတယ်။ screen ဒီဇိုင်းကတော့ waterdrop notch ပုံစံကို သုံးထားပြီး ကျောဘက်မှာ fingerprint scanner ပါရှိပါတယ်။



Photo: Gadgets NDTV

မျက်နှာပြင်အရွယ်အစား ၆.၅ လက်မဟာ Max Vision IPS display သုံးထားပြီး ကိုယ်ထည်အချိုး 20:9 နဲ့ လာပါတယ်။ HD+ resolution ပါရှိပြီး notchထဲမှာ 8MP selfie ကင်မရာ သုံးထားပါတယ်။ ကိုယ်ထည်ဟာ ရေစိုခံ water-repellent coating သုတ်ထားပြီး အပြာနဲ့ စိမ်းပြာကာလာ ၂ ရောင်နဲ့ ထွက်ထားပါတယ်။

ကျောဘက်မှာ ထောင်လိုက်ပုံစံ ကင်မရာ ၃ လုံး ပါရှိပြီး 16MP main sensor ၊ 2MP Macro နဲ့ 2MP depth sensor သုံးထားပါတယ်။ Moto G8 Power Lite ဟာ RAM 4GB ပါရှိပြီး Helio P35 SoC နဲ့ ထွက်လာပါတယ်။ Android 9 Pie သုံးထားပြီး microSD card ကနေ 256GB အထိ ထပ်တိုးနိုင်ပါတယ်။

onboard storage ဟာ 64GB ဖြစ်ပြီး ဘက်ထရီအားသွင်းစနစ်ဟာ microUSB port ကနေ 10W အားသွင်းစနစ် သုံးနိုင်ပါတယ်။ 5000 mAh အကြီးစားဘက်ထရီက ဒီဖုန်းရဲ့ ဆွဲဆောင်မှု ဖြစ်ပါတယ်။ ဒီဖုန်းကို ဂျာမဏီနဲ့ မက္ကဆီကိုတို့မှာ စတင်မိတ်ဆက်သွားမှာ ဖြစ်ပြီး ဥရောပ ၊ လက်တင်အမေရိက ၊ အာရှနဲ့ ဩစတြေးလျဈေးကွက်တွေမှာလည်း ဖြန့်ချိသွားမှာပါ။

Moto G8 Power Lite ကို ၁၆၉ ယူရို (မြန်မာငွေ ၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က