Huawei Mobile Services နဲ့ လာတာပါ

တရုတ်ဈေးကွက်မှာ ကြေညာခဲ့တဲ့ budget ဖုန်းကို ဥ‌ရောပဗားရှင်းပုံစံနဲ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ 

ဥရောပမှာ မိတ်ဆက်သွားတဲ့ Honor 9A ဟာ waterdrop notch နဲ့ လာပြီး မျက်နှာပြင် ၆.၃ လက်မ HD+ (1600x720p) display သုံးထားပါတယ်။ Helio P20 processor နဲ့ RAM 3GB/64GB storage အပြင် microSD Card ကနေ storage ထပ်တိုးနိုင်မှာပါ။ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ပင်မှုကြောင့် Huawei ရဲ့ ကိုယ်ပိုင် Huawei Mobile Service စနစ် သုံးထားပါတယ်။




Photo: Android Headline

Honor 9A ဟာ Android 10 ကို အခြေခံထားတဲ့ Magic UI 3.1 နဲ့လာပါတယ်။ App ဒေါင်းလုပ်ဆွဲဖို့အတွက် Google Play Store အစား Huawei ရဲ့ ကိုယ်ပိုင် App Gallery သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီပါဝါကို 5000mAh အထိ သုံးထားပြီး 5W charging ပဲ ပံ့ပိုးထားပါတယ်။ တစ်ခြားဖုန်းတွေကိုလည်း Reverse Charging အနေနဲ့ အားပြန်သွင်းပေးနိုင်မှာပါ။

တရုတ်နိုင်ငံမှာ မိတ်ဆက်သွားတဲ့ဗားရှင်းနဲ့ မတူတာက dual lens အစား ကျောဘက်မှာ Triple lens စနစ် သုံးလာတာ ဖြစ်ပါတယ်။ ဥ‌ရောပမှာ မိတ်ဆက်သွားတဲ့ Honor 9A ဟာ 13MP ကင်မရာ ၊ 5MP ultrawide angle ကင်မရာနဲ့ MP macro ကင်မရာဆိုပြီး ကင်မရာသုံးလုံး သုံးထားပါတယ်။ ဆယ်လ်ဖီကင်မရာကတော့ 8MP ဖြစ်ပြီး Midnight Black နဲ့ Phantom Blue ကာလာ ၂ မျိုးနဲ့ ထွက်ထားပါတယ်။

ဇူလိုင် ၁ ရက်နေ့ကစပြီး ၁၄၉.၉ ယူရို (မြန်မာငွေ ၂ သိန်း ၃ သောင်းကျော်) ဈေးနဲ့ရောင်းချသွားမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က