ဈေးနှုန်း မသိရသေးပါဘူး

စမတ်ဖုန်းထုတ်လုပ်မှု လျှော့ချလာနေတဲ့ HTC ကုမ္ပဏီဟာ အိန္ဒိယနဲ့ ထိုင်းနိုင်ငံဈေးကွက်ထဲ HTC Wildfire R70 နာမည်နဲ့ Entry-level ဖုန်းသစ်တစ်မျိုး မိတ်ဆက်လိုက်ပါတယ်။

HTC Wildfire R70 ဟာ ဈေးကွက်ထဲက မြင်နေကျ တန်ဖိုးသင့်စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းနဲ့ လာပါတယ်။ waterdrop notch သုံးထားပြီး မျက်နှာပြင်အရွယ်အစား ၆.၅၃ လက်မအထိ ပါရှိပါတယ်။LCD display အမျိုးအစားဖြစ်ပြီး fingerprint scanner ကို ကျောဘက်မှာ သုံးထားပါတယ်။

Photo: GSMArena

notch ထဲမှာ 8MP selfie ကင်မရာ ပါရှိပြီး ကျောဘက်ထောင်လိုက် ကင်မရာစနစ်ထဲမှာ 16MP primary sensor ၊ 2MP macro sensor နဲ့ 2MP depth sensor ဆိုပြီး သုံးလုံးတွဲကင်မရာတွေ ပါရှိပါတယ်။ ဘက်ထရီပါဝါ 4000 mAh ဟာ microUSB port ကနေ အားသွင်းနိုင်မှာ ဖြစ်ပြီး အန်းဒရိုက်ဗားရှင်းအနေနဲ့ Android 9 သုံးထားပါတယ်။

Entry level ဖုန်းဖြစ်တဲ့အတိုင်း ကျန်တဲ့ အချက်တွေကလည်း သိပ်တော့ စိတ်ဝင်စားစရာ မရှိပါဘူး။ HTC Wildfire R70 ဟာ ၂၀၁၇ ခုနှစ်က ထွက်ထားတဲ့ MediaTek Helio P23 chipset နဲ့ လာပြီး RAM/storage ကိုလည်း 2GB/32GB ဗားရှင်းတစ်မျိုးတည်းပဲ မိတ်ဆက်ထားပါတယ်။

HTC Wildfire R70 ဟာ Aurora Blue နဲ့ Night Black ကာလာ ၂ ရောင်နဲ့ ထွက်ထားပြီး ဈေးနှုန်း မကြေညာရသေးပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က