portless/buttonless နဲ့ လာပါတယ်
Nyein Min Wai

Concept ဖုန်းတွေဟာ အနာဂါတ်မှာ မြင်ရမယ့် ရှေ့ပြေး စမတ်ဖုန်းနည်းပညာတွေ သယ်ဆောင်လာပါတယ်။


Vivo ဟာ Apex စီးရီးနဲ့ ခေတ်ရှေ့ပြေး စမတ်ဖုန်း နည်းပညာတွေ မိတ်ဆက်လာခဲ့တဲ့ ကုမ္ပဏီပါ။ MWC 2018 မှာ Vivo ရဲ့ ပထမဆုံး Original Concept ဖုန်းသစ်ကို စတင်မိတ်ဆက်ခဲ့ပြီး ဒီဖုန်းဟာ ကမ္ဘာပေါ်မှာ ပထမဆုံး pop-up selfie ကင်မရာနဲ့ မှန်ပြင်အောက် လက်ဗွေနည်းပညာကို သုံးလာတဲ့ စမတ်ဖုန်းအဖြစ် မြင်ခဲ့ရပါတယ်။



Photo: GSMArena

MWC 2019 မှာ Vivo ဟာ Apex Concept ဖုန်းနဲ့အတူ portless / buttonless ဖုန်းတစ်လုံးကို ထပ်မံ မိတ်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် MWC 2020 ကို မကျင်းပဖြစ်တာကြောင့် Vivo Apex ဖုန်းသစ်ကို ဘာစီလိုနာမြို့မှာ မမြင်ခဲ့ရပေမယ့် အစဉ်အလာမပြတ် မိတ်ဆက်မှု လုပ်ခဲ့ပါတယ်။

Vivo Apex 2020 ဟာ အရင်ထွက်ထားတဲ့ Apex ဖုန်းနှစ်မျိုးစလုံးရဲ့ အဆန်းသစ်ဆုံး တီထွင်ချက်တွေကို ထည့်သွင်းထားတဲ့ ဖုန်းဖြစ်ပါတယ်။Vivo Apex 2020 မှာတော့ notch တို့ punch hole နဲ့ pop-up ကင်မရာတို့အစား မှန်ပြင်အောက် လက်ဗွေထည့်သွင်းတဲ့ selfie ကင်မရာစနစ်ကို သုံးသွားပါတယ်။ lens ဟာ display မှန်အောက်မှာ ဝှက်ထားတာ ဖြစ်လို့ မှန်တစ်ပြင်လုံးမှာ ရှေ့ကင်မရာကို မြင်ရမှာ မဟုတ်ပါဘူး။

ဒီ Concept ဖုန်းမှာလည်း ports တွေနဲ့ ခလုတ်တွေ မသုံးဘဲ ဖိအားသိ ခလုတ်တွေ သုံးလာပါတယ် ။ ဖုန်းအားသွင်းချင်ရင်လည်း ကြိုးမဲ့အားသွင်းစနစ်ကနေပဲ အားသွင်းရမှာပါ။ Vivo Apex 2020 မှာ Wireless charging ကို 60W အထိ ပံ့ပိုးပေးထားတာ ဖြစ်ပြီး 2000mAh ဘက်ထရီတစ်လုံးကို မိနစ် ၂၀ အတွင်း အားအပြည့် သွင်းနိုင်မယ်လို့ ဆိုပါတယ်။ ကျောဘက်ကင်မရာစနစ်ဟာ စက်ဝိုင်းပုံထဲမှာမှ ထူးခြားတဲ့ ကင်မရာ setup ဒီဇိုင်းသုံးသွားပါတယ်။

အထူးသဖြင့် ကျောဘက်ကင်မရာတွေထဲမှာ 48MP ကင်မရာဟာ ရုပ်ငြိမ်စနစ်ကို တကယ့် ပရော်ဖက်ရှင်နယ် Stabilization စနစ် ပံ့ပိုးထားပြီး သမရိုးကျ OIS တွေထက် ရုပ်ငြိမ်ဖမ်းယူမှုမှာ ၂၀၀% အထိ ပိုပြီး သာလွန်တယ်လို့ ဆိုပါတယ်။ Super-Smooth ရုပ်သံဖမ်းယူချင်သူတွေအတွက် မျက်စိကျမယ့်ဖုန်းပါ။ နောက်ကင်မရာတစ်လုံးက 16MP periscope ကင်မရာစနစ် ဖြစ်ပြီး 5x ကနေ 7.5x optical zoom ဆွဲနိုင်မယ်လို့ ဆိုပါတယ်။

Photo: Android Authority

ပယ်ရီစကုပ်ထဲမှာ ပါတဲ့ Lens စနစ်ဟာ အသေ Fixed lens အစု ၂ စုနဲ့ အလှုပ် Moving Lens အုပ်စု ၂ စုနဲ့ ဖွဲ့စည်းထားတာပါ။ in-display ဆယ်လ်ဖီကင်မရာဟာ 16MP ဖြစ်ပြီး 4-in-1 pixel binning စနစ်နဲ့ 4MP ပုံရိပ်တွေ ဖမ်းနိုင်သလို အပေါ်မှာ အုပ်ထားတဲ့ မှန်ကလည်း အလင်းဖောက်ထွင်းနိုင်မှု ၆ ဆမြင့်တဲ့ မှန်အုပ်ထားတာဖြစ်ပါတယ်။

Vivo Apex 2020 ဟာ မျက်နှာပြင် ၆.၄၅ လက်မ FullView Display နဲ့ လာပြီး သမရိုးကျ စပီကာတွေအစား တတိယမျိုးဆက် Screen SoundCasting နည်းပညာ သုံးသွားပါတယ်။ ဒီဖုန်းဟာ Concept ဖုန်းဖြစ်လို့ ဈေးကွက်ထဲ ရောင်းချသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီဖုန်းရဲ့ အကောင်းဆုံး features တစ်ချို့ကို ဒီနှစ် High-end ဖုန်းတွေမှာ မြင်ရဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က