Android 5.1 နဲ့ iOS 9.0အထက် ထုတ်ကုန်တွေမှာ ကစားနိုင်မှာပါ
Nyein Min Wai

အောက်တိုဘာ ၁ ရက်နေ့ကစပြီး Call of Duty: Mobile ဗားရှင်းကို အန်းဒရိုုက်နဲ့iOS ဖုန်းတွေမှာ ကစားနိုင်ပြီ ဖြစ်ပါတယ်။

အန်းဒရိုက်အတွက် Google Play Store နဲ့ iOS တွေအတွက် Apple App Store မှာ ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲနိုင်မှာပါ။ Call of Duty: Mobile ကို Android ဗားရှင်း 5.1 နဲ့အထက် အနည်းဆုံး RAM 2GB ရှိထားတဲ့ ဖုန်းတွေမှာ ကစားနိုင်မှာ ဖြစ်ပြီး iPhone တွေမှာဆို အနည်းဆုံး iOS 9.0 ရှိရမှာ ဖြစ်ပါတယ်။




iPhone 5s ၊ iPhone 6/6 Plus ၊ iPad Air ၊ iPad Mini ၊ iPad Mini 3 နဲ့iPod Touch တို့လို old gen တွေမှာတော့ Call of Duty: Mobile ကစားလို့ရမှာ မဟုတ်ပါဘူး။ ဒီဂိမ်းဟာ battle royale mode နဲ့map ထဲမှာ ပလေယာ ၁၀၀ အထိ ကစားခွင့်ပေးထားပါတယ်။ Solo ၊ Duo နဲ့လေးယောက်တွဲ Quad-Player Team တွေပါ ကစားနိုင်မှာ ဖြစ်ပြီး in-game items တွေအနေနဲ့ရဟတ်ယာဉ်တွေ ၊ လမ်းကြမ်းမောင်း ATV (All-Terrain Vehicle) တွေပါပြီး ရေပြင် နဲ့ဝေဟင်တိုက်ပွဲတွေ ဆင်နွဲှရမှာပါ။

Call of Duty: Mobile ဟာ တိုက်ပွဲမှာ ဦးဆောင်တဲ့ first person နေရာကရော third person နေရာကိုပါ ပြောင်းလို့ရတဲ့ ဂိမ်းဖြစ်ပါတယ်။ အဓိကကတော့ multiplayer combat ဖြစ်ပြီး equipment တွေ ပိုဝယ်မယ်ဆိုရင် gameplay ပိုတက်လာမှာပါ။ Call of Duty: Mobile ဗားရှင်းမှာ Crash နဲ့Crossfire တို့လို Modern Warfare Maps များ ၊ Nuketown နဲ့Hijacked တို့လို Black Ops maps များ ထည့်သွင်းထားပါတယ်။


ဒီဂိမ်းကို ထုတ်လုပ်တဲ့ Activision ရဲ့ ကြေညာချက်အရ Apple app နဲ့Google Play Stores တို့မှာ ဒီဂိမ်းကို နိုင်ငံအားလုံးအတွက် ဖြန့်ချိပေးသွားမှာ ဖြစ်ပြီး တရုတ် ၊ ဘယ်လ်ဂျီယံနဲ့ဗီယက်နမ်နိုင်ငံတို့တော့ မပါဘူးလို့ဆိုပါတယ်။


က္က