WiFi နဲ့LTE ဆိုပြီး ဗားရှင်း ၂ မျိုးပါလာပါတယ်။

LTE support ပေးလာတဲ့ တက်ဘလက်တွေထဲမှာ ဒီကောင်လေးက ဈေးအသင့်ဆုံးနဲ့feature အလန်းဆုံးလို့ပြောနိုင်ပါတယ်။ AI Face Unlock ပါလာပြီး တာရှည်အားခံတာကလည်း ဒီတက်ဘလက်ရဲ့ ထူးခြားချက်ပါ။



 

ဇွန်လ ၂၅ ရက်နေ့မှာ Xiaomi ဟာ ကုမ္ပဏီရဲ့ တန်ဖိုးသင့် စီးရီး Redmi 6 Pro နဲ့အတူ မျက်နှာပြင် ၈ လက်မ Mi Pad 4 ကိုလည်း မိတ်ဆက်သွားခဲ့ပါတယ်။ 16:10 ကိုယ်ထည်အချိုးအစားနဲ့လာတဲ့ ဒီတက်ဘလက်ဟာ အတော်လေးကြည်လင်ပြတ်သားတဲ့ ရုပ်ထွက် 1920 x 1200px screen ပါရှိထားပါတယ်။ သပ်ရပ်ရိုးရှင်းတဲ့ ဒီဇိုင်းနဲ့လာတဲ့ Mi Pad 4 ဟာ သူ့အရင် ထွက်ရှိထားတဲ့ Mi Pad 3 ထက် အထက်အောက် ဘောင်တွေကို သိသိသာသာ ပါးထားတာ ဖြစ်လို့မှန်ပြင်နေရာယူမှုက ပိုပြီး လှပလာပါတယ်။ ဒီတက်ဘလက်မှာ mid-range processor ဖြစ်တဲ့ 2.2GHz octa-core Snapdragon 660 chipset ကို သုံးထားပြိး Wi-Fi ဗားရှင်းနဲ့LTE ဗားရှင်းဆိုပြီး နှစ်မျိုးထွက်ထားတာပါ။ မော်ဒယ်နှစ်မျိုးစလုံးဟာ USB-C port ကနေ အားသွင်းလို့ရမယ့် 6600 mAh ဘက်ထရီပါရှိထားပါတယ်။

 

LTE ဗားရှင်းဟာ nano-SIM port ပါရှိပြီး microSD card ကနေ storage ကို မြှင့်တင်ပေးနိုင်မှာပါ။ Mi Pad 4 ဟာ RAM 3GB/32GB storage နဲ့RAM 4GB/64GB storage ဗားရှင်း ၂ မျိုး ပါရှိပြီး စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တက်ဘလက်တစ်လုံးအနေနဲ့ထူးခြားမှုက HDR mode နဲ့1080p ရုပ်ထွက် ဗွီဒီယိုတွေ ရိုက်ကူးနိုင်မယ့် 13MP ကျောဘက် ကင်မရာနဲ့Face Unlock သုံးနိုင်မယ့် 5MP ရှေ့ကင်မရာသုံးသွားတာပါ။

ဆူညံသံတွေကို ဖယ်ရှားပေးမယ့် စတီရီယိုစပီကာတွေကြောင့် အသံစနစ်ပိုင်းမှာ ကြည်လင်ကျယ်လောင်နေမှာ ဖြစ်ပါတယ်။ Android ဗားရှင်းအနေနဲ့MIUI 9.0 ပါ Andorid 8.1 Oreo သုံးထားတာကြောင့် multi-tasking တွေ လုပ်ဆောင်ချိန်မှာ ပိုမိုသွက်လက်လာသလို picture-in picture mode လိုမျိုး တစ်ခြား apps တွေ သုံးနေချိန်မှာ ဗွီဒီယိုကို screen ထောင့်မှာ ကပ်ပြီး ပုံစံသေးနဲ့ပြသနိုင်မှာပါ။

 

အနက် ၊ ပန်းနုကာလာ ၂ မျိုးနဲ့ဝယ်ယူနိုင်မယ့် Mi Pad 4 ဟာ ဗားရှင်းပေါ်လိုက်ပြီး ဈေးကွဲပါတယ်။ ရိုးရိုး Wi-Fi ဗားရှင်းမှာဆို အနိမ့်ဆုံး RAM 3GB မော်ဒယ်ကို ၁၀၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၂ သောင်းကျော်) နဲ့အမြင့် 4GB မော်ဒယ်ကို ၁၃၉၉ ယွမ် (မြန်မာငွေ ၃ သိန်းခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။ 4G LTE မော်ဒယ် 4GB/64GB ဗားရှင်းကတော့ ၁၄၀၀ ယွမ် (မြန်မာငွေ ၃ သိန်း ၁ သောင်းကျော်) ဈေးသတ်မှတ်ထားလို့LTE ဗားရှင်းပါ တက်ဘလက်တွေထဲမှာ ဈေးအတန်ဆုံးလို့ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က