၁၈ ရက်အထိ အားခံနိုင်မယ့် ဘက်ထရီ ပါရှိပါတယ်

အဝိုင်းပုံနာရီအိုးနဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းပါ Vivo Watch ကို တရုတ်ဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။

Vivo Watch ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်ပြီး 42mm နဲ့ 46mm ဆိုပြီး ဗားရှင်း ၂ မျိုးနဲ့ လာပါတယ်။ circular ဒီဇိုင်းသုံးထားပြီး 42mm ဗားရှင်းဟာ ဘေးမှာ crown ပုံစံခလုတ်နဲ့ လာပါတယ်။ 46mm ဗားရှင်းအနေနဲ့ နာရီအိုးဘေးဘောင်မှာ ပုံမှန် စတုဂံခလုတ်ကွက်နဲ့ ထွက်ထားပါတယ်။



Photo: Tech Radar

ဒီနာရီနှစ်လုံးဟာ ၁.၁ လက်မနဲ့ ၁.၃၉ လက်မ AMOLED panel ပါရှိပြီး Always-on Display လုပ်ဆောင်ချက် ပါရှိပါတယ်။ Vivo Watch ဟာ Apollo ultra-low power coprocessor နဲ့အတူ ST miniature main control processor သုံးထားပြီး internal storage အနေနဲ့ 2GB ပါရှိပါတယ်။ 

Vivo Watch မှာ ကိုယ်ပိုင် music player ၊ Alipay အမြန်ငွေချေမှု ၊ Jovi Voice Assistant ၊ Smart Schedule နဲ့ ဖုန်းပေါ်က noti တွေ ကြည့်နိုင်မယ့် စနစ်တွေ ပါဝင်ပါတယ်။ နောက်ထပ် တွေ့ရတဲ့ features တွေထဲမှာ နှလုံးခုန်နှုန်းနဲ့ သွေးအောက်ဆီဂျင် Level နှုန်း ခြေရာခံနိုင်မယ့် အာရုံခံစနစ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် စိတ်ဖိစီးမှု Level ၊ ကယ်လိုရီ လောင်ကျွမ်းမှုနှုန်း ၊ ခြေလှမ်းအရေအတွက် နဲ့ဘယ်လောက် အိပ်ဖြစ်သလဲဆိုတာပါ ကြည့်နိုင်မှာပါ။ 5ATM ရေစိုခံတာကြောင့် လက်မှာ ပတ်ပြီး ရေကူးနိုင်တဲ့အပြင် Bluetooth 5.0 support ကွန်ရက် ချိတ်ဆက်မှုပါ ထည့်သွင်းထားပါတယ်။ 42mm ဗားရှင်းဟာ 226mAh ဘက်ထရီ ၊ 46mm ဗားရှင်းဟာ 478mAh ဘက်ထရီတို့ သုံးထားပြီး ၉ ရက်နဲ့ ၁၈ ရက်အထိ အသုံးခံနိုင်မယ်လို့ ဆိုပါတယ်။

Photo: FoneArena

စမတ်နာရီ ဖြစ်တဲ့အတိုင်း indoor / outdoor sports mode တွေဖြစ်တဲ့ အခန်းတွင်း/ပြင် ပြေးခြင်း ၊ လမ်းလျှောက်ခြင်း ၊ ရေကူးခြင်း ၊ စက်ဘီးစီးခြင်း ၊ တောင်တက်ခြင်း စတဲ့ features တွေလည်း ပါရှိမှာပါ။ Vivo Watch (42mm နဲ့ 46mm) တို့ကို ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) ဈေးနဲ့ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က